Friday, November 27, 2009
Monday, November 23, 2009
Our former Andaman Club GM
Our former Andaman Club GM Mr.Steven Tan Gee Cheng (Successor to
Mr.James Kiang) is now in Mandalay. He works for Mandalay Swan Hotel
and would like to get contact all members of Andaman Club. Please
contact him by this email address:
steventgc@gmail.com
Have a good day.

သူလား သူမ လား
သူ လား
သူမလား
ကျွန်တော်တို့ မြန်မာစာ မြန်မာစကားမှာ လူ ကို ကျား မ ခွဲ ပြီး လူယောက်ျား လူမိန်းမ အမျိုးသားအမျိုးသမီး ဆိုပြီးတော့ခေါ်ဝေါ်သုံးစွဲကြပါတယ်။
တိရစ္ဆာန် ကိုကျတော့ အဖို အမ ၊ ပြီးတော့ အထီးအမ အဖအမ ဆိုပြီးခွဲခြား ပါတယ် ဥပမာ ငန်းဖိုငန်းမ ဒေါင်းဖိုဒေါင်းမ ကြက်ဖကြက်မ နွားထီးနွားမ စသည်ဖြင့်သုံးနှုန်းကြပါတယ်
လူယောင်္ကျား လူမိန်းမ အမျိုးသားအမျိုးသမီး ဆိုပြီးတော့ပေါ့
အဲဒီမှာ ကျားမ တစ်ဦးစီကိုThird Person အနေနဲ့ နမ်စား အနေနဲ့ ညွှန်းဆိုဖေါ်ပြချင် တဲ့အခါမှာတော့
သူ လို့ တစ်မျိုးတည်းသုံးပါတယ် ဒီစာလုံးဟာ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ မူပိုင် ကိုယ်ပိုင်စကားလုံးပါ
တတိယပုဂ္ဂိုလ် Third Person ကိုရည်ညွှန်းလိုပြီဆိုရင် သူ လို့ဘဲသုံးကြပါတယ် အခုတော့ အခုမှမဟုတ်ပါဘူးလေ ကျွန်တော်တို့ ကျောင်းသားအရွယ် လူငယ်ဘ၀လောက်ကတည်းက
နာမည်ကျော်ကြား ထင်ရှားတဲ့ လူငယ်ကြိုက်စာရေးဆရာဆရာမများက သူမ ဆိုတဲ့ စကားလုံး ကို
နှစ်သက်မက်မောစွာ ခုံခုံမင်မင် ရေးသားသုံးစွဲလာကြပါတယ်
ဥပမာ သူမ ကို ကျွန်တော်မြတ်နိုးသည်
သူမအားချစ်သည်
သူမ၏ ချစ်သူ
သူမနှင့်သာသက်ဆိုင်မည်ဖြစ်သော
ယခုကဲ့သို့ ပြောဆိုဝေဖန်မှုအား သူမ လက်မခံနိုင်ပါူ စသည်ဖြင့် သုံးစွဲလာကြပါသည်။
နှစ်သက်သူရှိသလို ကျွန်တော်တို့ ကဲ့သို့ လက်မခံနိုင်သူများလည်းရှိကြပါတယ်
ကြည့်ပါဦး ဥပမာလေးတွေ ကို
၁။ ဒေါ်ခင်ခင်လေးသည် စာရေးဆရာမဖြစ်သော်လည်း သူ၏ခင်ပွန်းမှာ အနုပညာကိုစိတ်ဝင်စားသူမဟုတ်ပါ
( သူမ၏ ခင်ပွန်း ဟု မရေးပါ)သူ့အိမ်ကိုလာလည်သော ဒေါက်တာခင်မိုးမိုးကျော် သည် အိမ်ပြန်ရန် လှေခါးမှဆင်းသွားသည့်အခါတွင် ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည်ကို ဒေါ်ခင်ခင်လေးတွေ့ရှိရသဖြင့် သမီးငယ်အား လှမ်းခေါ်ပေးပြီး သမီးအန်တီ ဒေါက်တာခင်မိုးမိုးကျော် သူ့ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်
အခုလိုက်ပြီး သူ့ကို ပြန်သွားပေးလိုက်နော် ဟုပြောမည်ဖြစ်ပါသည်။ သူမ၏ပိုက်ဆံအိတ်ဟုမပြောပါ
သူ့ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်ဟုသာပြောမည်ဖြစ်ပါသည် ။ သူမ ကိုပြန်သွားပေးလိုက်နော် ဟုပြောမည်မဟုတ်ပါ သူ့ကို ပြန်သွားပေးလိုက်နော် ဟုပြောမည်ဖြစ်ပါသည်။ ယခု စာဖတ်နေသောမိတ်ဆွေ
ခင်ဗျားရော ဘယ်လိုပြောမှာလည်း။
၂။ အင်္ဂလိပ်ဘာသာမှာ he ဆိုရင် သူ (ယောက်ျား) She ဆိုရင် သူ( မိန်းမ ) gender ခွဲထားပေမယ့်
မြန်မာစာမှာတော့ ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် သူ လို့ညွှန်းဆိုယုံနဲ့ ပြည့်စုံပါတယ်။ သူမ လို့ပြောမှ နားလည်မယ်ထင်ပါသလား။
၃။ နောက် လူနာဒကာမကြီးတစ်ယောက် အသက် ၃၃ နှစ်ဘဲရှိသေးတယ် သူ့ရောဂါက အဆုတ်တစ်ဖက်မှာ သွေးဖိအားများနေတယ် တဲ့။ သူ့ ကို တရားနဲ့ပတ်သက်တာပြောပြတယ်
ဘေးကလူတွေကိုလည်း သူ တရားနာချင်ရင် နာနိုင်အောင်စီစဉ်ပေးလိုက်ပါ လို့မှာလိုက်တယ်။ သူ့အနားမှာ တစ်ယောက်ယောက်က သူ့ ကိုတစ်ခုခုပြောနေရင်လည်း ကောင်းတယ်။စကားပြောဖေါ်မရှိရင် သူတွေးနေမှာဘဲ။ဘာတွေတွေးနေမှာလည်း။သူ့ရောဂါအကြောင်းဘဲ သူတွေးနေမှာ၊ သူစိတ်ညစ်နေမှာဘဲနော်။ ( ဆရာတော်ဦးဇောတိက ရဲ့ အသက်ရှင်နေလျှက် ဘ၀သေနေသူ စာအုပ်ထဲကပါ )
ဒါလောက် ဆိုရင်ဘဲ ကျွန်တော်ပြောချင်တာလေးတွေ ရင်ထဲမှာ ရှိနေတာလေးတစ်ခု ကိုပြောလိုက်တာပါ။
သူငယ်ချင်းတို့ရေ ခင်များတို့ ရော ဘယ်လိုမြင်ပါသလဲ
အင်္ဂလိပ်စာ ဥရောပစာပေ ဘာသာစကားတွေမှာ gender အထီးအမ အဖိုအမ ကျားမ ခွဲတဲ့အတိုင်း ကျွန်တော်တို့လိုက်လုပ်ဖို့လိုပါသလား။
မြန်မာစာပေ အနေနဲ့
မြန်မာစာသည် တို့စာ မြန်မာစကားသည် တို့ စကား
တို့စာကိုချစ်ပါ တို့ စကားကိုလေးစားပါ ဆိုတဲ့ ကြွေးကြော်သံ ဆောင်ပုဒ်နဲ့အညီ မြန်မာစာရေးထုံးနဲ့ညီညွတ်နေစေဖို့ ၀ိုင်းဝန်းလုပ်ဆောင်ကြရအောင်ဗျာ
Monday, November 16, 2009
vacancy UAE
Le Meridien Al Aqah Beach Resort, Fujairah, is a an award winning
resort with 218 rooms, 5 restaurants and 3 bars. We are currently
looking for the following positions:
In Room Dining Order Taker
In Room Dining Captain
F&B Supervisors
Refreshment Centre Attendant(Minibar)
Waiters
Please forward your resume to april.calacsan@lemeridien-alaqah.com
Al Bustan Centre & Residence - The luxurious residential, shopping and entertainment complex comprises of 640 suites, a comprehensive shopping mall with over 80 outlets and one of the biggest indoor amusement arcades in the United Arab Emirates.
We are currently seeking applications from suitably qualified & experienced... candidates for following positions.
1. Assistant F & B Manager
2. Maintenance Engineer
3. Sales Manager –GCC experienced
4. Banquet Sales Manager – UAE experienced
5. Restaurant captain – Female – Arabic Speaking
6. Security Supervisor
7. Secretary
8. Receptionists
9. Technicians – Air Conditioning / Electrical
10. Waiter / waitress
11. Room Attendants
12. Life Guard
Market driven salaries & other benefits are offered to right candidates
Interested candidates may e mail their CV’s to apm@al-bustan.com or fax at
+971 (0)4 2617579Read more facebook Myanmar Hotelier Group မှ ကို ၀င်းကျော်ဇော် ၏ ကြော်ငြာများအားကူးယူ ဖေါ်ပြပါသည်။
We are currently seeking applications from suitably qualified & experienced... candidates for following positions.
1. Assistant F & B Manager
2. Maintenance Engineer
3. Sales Manager –GCC experienced
4. Banquet Sales Manager – UAE experienced
5. Restaurant captain – Female – Arabic Speaking
6. Security Supervisor
7. Secretary
8. Receptionists
9. Technicians – Air Conditioning / Electrical
10. Waiter / waitress
11. Room Attendants
12. Life Guard
Market driven salaries & other benefits are offered to right candidates
Interested candidates may e mail their CV’s to apm@al-bustan.com or fax at
+971 (0)4 2617579Read more
Sunday, November 15, 2009
ကို ငွေသီဟအေး
အပြောကောင်းသလို မိန်းမငယ်လေးတွေဆို အင်မတန်အကူအညီပေးချင်တဲ့
တကယ်လည်း အကူအညီပေးတတ်တဲ့ ကိုသီဟပါ
အခုတော့ ရွှေနှင်းဆီ စားသောက်ဆိုင် လေး ကို လင်းမ်ချန်န် မှာဖွင့်ထားတယ်ဗျ
အောင်မြင်တယ်ဗျာ လူတွေကတကယ်ကြိုက်တာဗျ သူ ကလည်းဟင်းချက်ကောင်းတာကိုး
ကြည့်လိုက်ဗျာ ဒီမှာသူ့ဆိုင်
ပထမဆုံး အတွေ့ အကြုံ လေး
ယခုကိစ္စသည် ကျွန်မဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ ကျွန်မသည် ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို
စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိသည်။ သို့သော် သူကတော့
လုံးဝလက်လျော့ဟန်မပြပဲ ကျွန်မအနားသို့ တိုးကပ်လာလေသည်။
ကြောက်နေသလားဟုမေးသောအခါတွင် ကျွန်မကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲသို့
နှိုက်စမ်းလိုက်သောအခါ ကျွန်မ သည် နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
အကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းကျွန်မသိပါသည်။
သူက ကျွန်မ မျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ ကျွန်မ
စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန်တတ်နိုင်သမျှကျယ်ကျယ်လေးဟ ပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော်
သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်
အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
သွေးအနည်းငယ်ထွက်လာသည် ကိုလည်း ကျွန်မသိရှိလိုက်သည်။
အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်း
မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ
ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင်သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။
အတန်ကြာသော် ကျွန်မထံမှအရည်အချို့တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည်
အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ ကျွန်မ သက်ပြင်းမောများ
ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။
သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု
ရေရွတ်လေသည်။ကျွန်မကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။
ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာ
ကျွန်မ ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။

ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်
လက်ထပ်ပြီး ၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ်
လန်းဆန်းစေတဲ့ နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ
မပါတဲ့ ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။
မကြာသေးခင်က အခြားအမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တယ်။ အဲဒီလို
ချိန်းတွေ့ဖို့အကြံကို ကျွန်တော့်ဇနီးကပဲ ပေးခဲ့ပါတယ်။
"မောင် သူ့ကို အရမ်းချစ်မှန်း ကျွန်မသိပါတယ်"
ဇနီးစကားကိုကြားတော့ ကျွန်တော်အံ့သြပြီး ချက်ချင်းပဲ "ခင့်ကို မောင်ချစ်တယ်လေ"
လို့ ပြန်ဖြေခဲ့တယ်။
"ကျွန်မသိတယ်မောင်.. ဒါပေမယ့် သူ့ကိုလည်း မောင်ချစ်တယ် မဟုတ်လား! "
ဇနီးက ကျွန်တော့်ကိုအမေနဲ့ ချိန်းတွေ့ခိုင်းစေတာဖြစ်တယ်။ အမေတစ်ယောက်ထဲ နေလာတာ
၁၉နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်လည်း အလုပ်များတာကတစ်ကြောင်း၊ ကလေးသုံးယောက်ရဲ့
တာဝန်ကိုယူရတဲ့ ဖခင်ဖြစ်နေတာကတစ်ကြောင်း အမေနဲ့တွေ့ဖို့၊ ဆုံဖို့
အချိန်ချို့တဲ့ခဲ့ရတယ်။
အဲဒီညက အမေဆီ ကျွန်တော်ဖုန်းဆက်ပြီး ကျွန်တော်နဲ့ညစာအတူစားဖို့၊
ရုပ်ရှင်ကြည့်ဖို့ ချိန်းဆိုလိုက်တယ်။
"ဘယ်လိုဖြစ်ရတာလဲ? သား နေကောကောင်းရဲ့လား? "
ညဖုန်းဆက်ပြီး ရုတ်တရက် အမေ့ကိုချိန်းဆိုခဲ့လို့ သားတစ်ခုခုများ ဖြစ်နေပလားလို့
အမေတွေးထင်ခဲ့ပုံရတယ်။
"အမေနဲ့နှစ်ယောက်တည်း ချိန်းတွေ့ခွင့် ရချင်လို့ပါ။ အရမ်းအဓိပ္ပါယ်ရှိမယ်လို့
ကျွန်တော်ထင်တယ် အမေ"
"အမေလက်ခံပါတယ် သား" ခဏစဉ်းစားပြီး အမေပြန်ဖြေတယ်။
သောကြာနေ့ ရုံးဆင်းပြီးနောက် ကားမောင်းပြီး အမေ့ကို
ကျွန်တော်သွားကြိုခဲ့တယ်။ဒီလို ချိန်းဆိုမှုမျိုး ကျွန်တော်တစ်ခါမှ
မမြည်းစမ်းခဲ့ဖူးလို့
ကားမောင်းနေတဲ့အချိန် ကျွန်တော့်ရင်တွေ တုန်လှုပ်နေမိတယ်။
အမေ့အိမ်ရောက်တဲ့အချိန် အမေလည်း ဒီချိန်းဆိုမှုကြောင့် စိတ်လှုပ်ရှားနေမယ်လို့
ကျွန်တော်ထင်တယ်။ တံခါးဝမှာ အမေရပ်နေတယ်။ အနွေးထည်ကို အမေဝတ်ထားတယ်။
အမေဝတ်ထားတဲ့ အထဲအင်္ကျီက မင်္ဂလာနှစ်ပတ်လည်နေ့မှာ အမေနောက်ဆုံးဝတ်ခဲ့တဲ့
အင်္ကျီဖြစ်တယ်။ ခေါင်းပေါ်က ဆံတိုကို အမေထပ်ကောက်ထားသေးတယ်။ အမေ့မျက်နှာက
နတ်သမီးအလား ပြုံးရွှင်လို့နေတယ်။
ကားပေါ်ရောက်တော့ အမေက အားရနှစ်လိုစွာနဲ့ " အမေ့သူငယ်ချင်းတွေကို ဒီနေ့သားနဲ့
အမေချိန်းတွေ့မယ်လို့ ပြောပြတော့ သူတို့က အမေကိုအားကျကြတယ်။ အမေတို့
ဘယ်လိုချိန်းတွေ့ခဲ့ကြတယ် ဆိုတာကို သူတို့စောင့်မျှော် နားထောင်နေကြမယ်တဲ့"
အကောင်းဆုံးမဟုတ်ပေမယ့် သပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့
စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော်တို့ ရောက်သွားခဲ့တယ်။ အမေက
ကျွန်တော့်လက်မောင်းကို ချိတ်လို့ ကတော်တစ်ယောက်နဲ့ တူနေခဲ့တယ်။
ထိုင်ခုံမှာနေရာယူပြီးနောက်
အမေ့အတွက် ကျွန်တော်ကပဲ အစားအစာတွေ မှာပေးခဲ့ရတယ်။ အမေရဲ့မျက်လုံးက
လက်ရေးကြီးတွေကိုပဲ
မြင်နိုင်လောက်အောင် မွဲနေခဲ့ပါပြီ။
အစာစားရင် တစ်ဝက်အရောက် ကျွန်တော်ခေါင်းမော့်ကြည့်လိုက်တယ်။ ကျွန်တော့်ကို
ကြည့်နေတဲ့ အမေမျက်လုံးနဲ့ သွားဆုံတယ်။
"သား ငယ်ငယ်တုန်းက အမေပဲ သားအတွက် အစာမှာပေးရတယ်"
အတိတ်ကို အောင်းမေ့လွမ်းဆွတ်တဲ့ အပြုံးနဲ့ အမေကပြောတယ်။
"အခုတော့ အမေအနားယူလို့ရပြီ၊ အမေ့ကို ပြုစုဖို့ ကျွန်တော့်အလှည့်ရောက်ပြီလေ"
အစာစားရင်း ကျွန်တော်တို့ စကားတွေ ပြောဖြစ်ကြတယ်။ စကားတွေက အပျော်ထဲမှာ
နစ်မွန်းနေခဲ့တယ်။ ဒီနှစ်တွေအတောအတွင်း ဘဝကိုယ်စီမှာ ဖြစ်ပျက်ခဲ့သမျှကို
ဖလှယ်ကြတယ်။
ကျွန်တော်တို့ စကားတွေအများကြီး ပြောခဲ့ကြလို့ ရုပ်ရှင်ကြည့်ဖို့
နောက်ကျသွားခဲ့ရတယ်။
ညစာပြီးလို့ အမေကို အိမ်ပြန်ပို့တော့ အမေက တံခါးဝမှာရပ်ရင်း "သားနဲ့
နောက်တစ်ကြိမ် ချိန်းတွေ့ချင်သေးတယ်။ ဒီတစ်ခေါက်ကျရင် အမေရှင်းမယ်နော်" လို့
ပြောတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
အမေ့ကို ပို့ပြီး အိမ်ပြန်ရောက်တော့ ဇနီးက ဆီးကြိုမေးတယ်။
"ညနေစာချိန်းပွဲလေး ဘယ်လိုလဲ?"
"အရမ်း အဓိပ္ပါယ်ပြည့်စုံတဲ့ ချိန်းပွဲလေးပေါ့။ ထင်ထားတာထက်တောင်
ပိုအဓိပ္ပါယ်ရှိနေခဲ့တယ်"
အမေနဲ့ချိန်းတွေ့ပြီး ရက်အနည်းငယ်နောက်ပိုင်း နှလုံးရောဂါကြောင့် အမေ ရုတ်တရက်
သေဆုံးသွားခဲ့တယ်။ ထင်မှတ်မထားတဲ့ ရုတ်တရက်မို့ ကျွန်တော်လုံးဝ
မယုံကြည်နိုင်ခဲ့ဘူး။
အမေဆုံးပြီး သိပ်မကြာခင် ကျွန်တော်စာတစ်စောင် လက်ခံရရှိခဲ့တယ်။ စာက အမေနဲ့
ကျွန်တော်ချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်က ပို့ခဲ့တဲ့ ပြေစာတစ်စောင်ဖြစ်တယ်။
စာထဲမှာ စာတိုလေးတစ်ကြောင်းပါ ပါတယ်။
"ကုန်ကျစရိတ်ကို အမေကြိုရှင်းခဲ့တယ်။ နောက်တစ်ကြိမ် အမေထပ်သွားဖို့
အခွင့်ရှိတော့မှာ မဟုတ်ဘူးဆိုတာ အမေသိနေတယ်။ ဒါပေမယ့် နှစ်ယောက်စာကို
အမေရှင်းခဲ့တယ်။ သားနဲ့ သားရဲ့ဇနီး အတွက်ပါ။ အဲဒီည ချိန်းပွဲလေးက အမေ့အတွက်
အရမ်းအဓိပ္ပါယ်ရှိခဲ့မယ်လို့ သားတွေးထင် မထားခဲ့မိဘူး မဟုတ်လား။ သားကို ချစ်တယ်"
အဲဒီအချိန်ကစပြီး "ချစ်တယ်" ဆိုတဲ့ စကားကို အချိန်မလွန်ခင်ပြောဖို့ ကျွန်တော်
အသိတရား ရလိုက်တယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်တွေပေးဖို့လိုကြောင်း
ကျွန်တော်နားလည်လိုက်တယ်။
လောကမှာ ဘယ်အရာကမှ ကိုယ့်မိသားစုလောက် အရေးမကြီးပါဘူး။ သူတို့နဲ့အတူနေဖို့
အချိန်ပိုပေးကြည့်ပါ။ ဒီကိစ္စဟာ "နောက်မှ.. အချိန်ရပါသေးတယ်" ဆိုပြီး
အချိန်ဆွဲသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။
ဲသူငယ်ချင်းတို့လည်းသင်ခန်းစာယူနိုင်ကြပါစေနော် ။
ဘယ်သူကိုမဆိုမိသားစုပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကိုပဲဖြစ်ဖြစ်
`ချစ်တယ်`ဆိုတဲ့စကားလေးကိုပြောဖို့ဝန်မလေးစေချင်ဘူး။ လွယ်လွယ်လိုက်ကြောင်တာမျိုးတော့မဖြစ်စေနဲ့ပေါ့၊
ဒီstory လေးကသူငယ်ချင်းတို့ကိုလမ်းပြလေးဖြစ်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။
ဒီပိုစ့်လေးကို forwardမေးလ်မှရရှိချင်းဖြစ်ပါသည်

အရက်သောက် မယ် တော့ ဆိုရင်
နှစ်သစ် ကူး ရောက်ခါနီးတာနဲ့ အတူ အရက်သေစာ သောက်စားမှုများဟာ အပျော်ဖြစ်စေ၊ အလုပ်ဘဘောအရ ဖြစ်စေ ၊ယဉ်ကျေးမှုအရဖြစ်စေ သောက်သုံးဖို့ အကြောင်း အရင်းများ ပိုမိုရှိလာနိုင်တာမို့ မဖြစ်မနေသောက်သုံးရတဲ့ အခါ ကိုယ်သောက်သုံးသင့်တဲ့ အတိုင်းအတာကို သိရှိနိုင်ရန် ကျမ ဖတ်ထားမိသမျှ အနည်းငယ်ကို ပို့စ်တခု အဖြစ် တင်ပေးပါတယ်။
လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့် အစာအိမ်တို့မှ စုပ်ယူပါတယ်။ ပျမ်းမျှအားဖြင့် အူသိမ်တွင် သွေးလည်ပတ်မှု အားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။
Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။
ကိုယ်အလေးချိန်
သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။
· အမျိုးသားနဲ့ အမျိုးသမီး
အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက် မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊ သန္ဓေတားဆေး သောက်သုံးထားခြင်းများ အပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။
· အစားအသောက်
အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။
· စိတ်ခံစားမှု
အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်
· သောက်သည့် ပမာဏ
နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။
· အရက်အမျိုးအစား
အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Alcohol သည်
အဆင့် (၁)
သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်း
မိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊
မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်း
စကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်း
သက်တောင့်သက်သာ ရှိနေခြင်း
စိတ်ဖိစီးမှုများ လျော့နည်းလာခြင်း
မိမိကိုယ်ကို ယုံကြည်စိတ် လွန်ကဲနေတတ်ခြင်း
လူမှုရေး အရှုပ်အထွေးများ ဖြစ်ပေါ်စေရန် အားပေးခြင်း တို့ဖြစ်သည်။
အဆင့်(၂)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်
မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။
အာလေးလျှာလေး ဖြစ်လာခြင်း။
သတိလက်လွတ် စကားများ ပြောတတ်လာခြင်း။
ကိုယ်နေဟန်ချက်ကို မထိန်းနိုင်တော့ခြင်း။
အာရုံစိုက်၍ အသေးစိတ်လုပ်ရသော လုပ်ငန်းများကို မလုပ်နိုင်တော့ခြင်း။
မိမိကိုယ် ကို မထိန်းသိမ်းနိုင်တော့ခြင်း ။
စိတ်လိုက်မာန်ပါ လုပ်ကိုင်လာခြင်း၊
ရုပ်ရင်း ကြမ်းတမ်း လာခြင်း ၊
သူငယ်အိမ်ကျယ်လာခြင်း။
လျှာခြောက်လာခြင်း ။
ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။
အဆင့် (၃)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်
နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။
ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။
သား ငယ်အိမ်ကျဉ်းလာခြင်း။
ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။
နှုတ်ခမ်းများ ပြာလာခြင်း။
ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။
လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
· စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
·သက်တောင့် သက်သာရှိခြင်း၊
·ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း
နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
· အာလေး လျှာလေးဖြစ်လာခြင်း
· အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
· တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
· စိတ်ဓါတ် တက်ကြွလာခြင်း
· ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
· အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း
နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။
· လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
· ခံစားချက်မဲ့သွားခြင်း
· သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။
မွန်သက်ပန် (ဆေး-၁) ရေးသားချက်များထဲမှ တင်ပြထားခြင်းဖြစ်ပါတယ်

*shin gwan gwi*
09-27-2008, 12:24 AM
လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့် အစာအိမ်တို့မှ စုပ်ယူပါတယ်။ ပျမ်းမျှအားဖြင့် အူသိမ်တွင် သွေးလည်ပတ်မှု အားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။
alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။
ကိုယ်အလေးချိန်
သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။
· အမျိုးသားနဲ့ အမျိုးသမီး
အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက် မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊ သန္ဓေတားဆေး သောက်သုံးထားခြင်းများ အပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။
· အစားအသောက်
အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။
· စိတ်ခံစားမှု
အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်
· သောက်သည့် ပမာဏ
နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။
· အရက်အမျိုးအစား
အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
alcohol သည်
အဆင့် (၁)
သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်း
မိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊
မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်း
စကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်း
သက်တောင့်သက်သာ ရှိနေခြင်း
စိတ်ဖိစီးမှုများ လျော့နည်းလာခြင်း
မိမိကိုယ်ကို ယုံကြည်စိတ် လွန်ကဲနေတတ်ခြင်း
လူမှုရေး အရှုပ်အထွေးများ ဖြစ်ပေါ်စေရန် အားပေးခြင်း တို့ဖြစ်သည်။
အဆင့်(၂)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်
မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။
အာလေးလျှာလေး ဖြစ်လာခြင်း။
သတိလက်လွတ် စကားများ ပြောတတ်လာခြင်း။
ကိုယ်နေဟန်ချက်ကို မထိန်းနိုင်တော့ခြင်း။
အာရုံစိုက်၍ အသေးစိတ်လုပ်ရသော လုပ်ငန်းများကို မလုပ်နိုင်တော့ခြင်း။
မိမိကိုယ် ကို မထိန်းသိမ်းနိုင်တော့ခြင်း ။
စိတ်လိုက်မာန်ပါ လုပ်ကိုင်လာခြင်း၊
ရုပ်ရင်း ကြမ်းတမ်း လာခြင်း ၊
သူငယ်အိမ်ကျယ်လာခြင်း။
လျှာခြောက်လာခြင်း ။
ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။
အဆင့် (၃)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်
နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။
ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။
သား ငယ်အိမ်ကျဉ်းလာခြင်း။
ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။
နှုတ်ခမ်းများ ပြာလာခြင်း။
ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။
လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
· စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
·သက်တောင့် သက်သာရှိခြင်း၊
·ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း
နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
· အာလေး လျှာလေးဖြစ်လာခြင်း
· အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
· တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
· စိတ်ဓါတ် တက်ကြွလာခြင်း
· ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
· အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း
နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
· စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
· ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။
· လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
· အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
· ခံစားချက်မဲ့သွားခြင်း
· သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။
မွန်သက်ပန် (ဆေး-၁) ရေးသားချက်များထဲမှ တင်ပြထားခြင်းဖြစ်ပါတယ်
ရုတ်တရက်လေဖြတ်တဲ့ သူတွေ့ရင်
ဗညား
08-14-2009, 11:38 AM
ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက
ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်
သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို
ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက
ထူမပေးထားပါ။
ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း
ဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင်
ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။
ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့်
ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို
ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။
နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး
မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ
ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု လိုက်ပါသည်။
Wednesday, November 11, 2009
ဒူဘိုင်းရှိ ကုမ္ပဏီ များမှာ မိခင်ဘာသာစကား သုံးစွဲခြင်းမပြုရန်တားမြစ်ခြင်း
မြန်မာလူမျိုး အများ ဆုံးသွား ရောက်လုပ် ကိုင်ကြသော အာရပ် စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့တော်ရှိ ကုမ္ပဏီတစ်ခုစီတွင် နိုင်ငံပေါင်း စုံမှ လာရောက်ကြသော လူမျိုးစု ပေါင်း ၇၀ ကျော်နှင့် အထက်ရှိကြရာ ယင်း ကုမ္ပဏီတွင်း မှ ၀န်ထမ်း အားလုံး အလုပ် ချိန်အတွင်း မိခင်ဘာသာ စကား သုံးစွဲခြင်း မပြု ရန် သတိပေး တားမြစ်ထား ကြောင်း ဒူဘိုင်းရောက် မြန်မာ အချို့၏ ပြန်လည် ပြောပြချက် များအရ သိရှိရ ပါသည်။
မိခင်ဘာသာ စကားအား လုပ်ငန်းချိန်တွင်း သုံးစွဲခွင့် မပြုရခြင်းသည် အလုပ်သမားများ ကြားတွင်လူမျိုးတူ အလုပ်သမား အချင်းချင်း မိခင်ဘာသာ စကားဖြင့် သုံးစွဲမည်ဆိုပါက အထင် လွဲမှားစေမှုများ ရှိလာနိုင်သည့်အပြင် အင်္ဂလိပ်ဘာသာစကားသည် အာရပ်စော်ဘွားများ ပြည်ထောင်စု၏ လုပ်ငန်းခွင် တရားဝင်သုံး ဘာသာစကား ဖြစ်ခြင်းကြောင့် သုံးစွဲခွင့်တားမြစ် ထားရခြင်းဖြစ်သည်ဟု ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် သုံးနှစ်တာလုပ် ကိုင်ခဲ့ဖူးသူ ကိုဇော်မိုးက ပြောပြ ခဲ့ပါသည်။
''ကျွန်တော်တို့ ကုမ္ပဏီမှာ လူမျိုးတူချင်းတွေ နှစ်ယောက် သုံးယောက် ရှိကြတယ်။ တခြား ကိုယ့်ဘာသာ စကားမသိတဲ့သူတွေ ရှေ့မှာ ကိုယ့်မိခင်ဘာသာစကားနဲ့ ပြောမိတယ်ဆိုရင် တခြားသူကို စော် ကားတယ်လို့ သူတို့အဓိပ္ပာယ်သက် ရောက်ကြတယ်။ ပြီးတော့ ကုမ္ပဏီတွေမှာ လူမျိုးတွေရဲ့ထုံးတမ်းဓလေ့၊ သူတို့လူမျိုးတွေ တန်ဖိုးထားတဲ့ အရာတွေဘာလဲဆိုတာ အရင်ဆုံး ဓလေ့ထုံးတမ်းတွေ ဖလှယ်မှုတွေပြု လုပ်ကြရတယ်''ဟု ကိုဇော်မိုးက သူ၏လုပ်ငန်းခွင် အတွေ့အကြုံများကို ရှင်းပြခဲ့ပါသည်။
လွန်ခဲ့သော ငါးနှစ်တာကာလ တွင်းမှ စတင်ကာ ဒူဘိုင်းကုမ္ပဏီတွင်းသို့ မြန်မာအများစု အလုပ်အကိုင်ဖြင့် ရောက်ရှိခဲ့ကြပြီး နိုင်ငံတကာမှ အလုပ်သမားများအနေဖြင့် ယင်းသို့ အခြေချရောက်ရှိ နေခဲ့ကြသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ရာ အာရပ် စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့တော် သည် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ ဒေသတစ်ခုအဖြစ် အထင်ကရရှိ နေခဲ့သည်။
''ယူအေအီးမှာ အထင်ကရ ပြည်နယ် ခုနစ်ခုနဲ့ ဖွဲ့စည်းထား တယ်။ လူမျိုးစုံ စုဝေးရောက်ရှိနေဖို့ ကို သူတို့နိုင်ငံက အလေးထားတယ်။ ဒါကြောင့် မြန်မာတွေလည်း အလုပ်အကိုင် သွားရောက်ခွင့်တွေ ရခဲ့ကြ တယ်။ ဒါပေမယ့် တကယ့်ရာထူး ကြီးနေရာတွေမှာတော့ မြန်မာတွေ တွေ့ရခဲတယ်။ ပြီးတော့ ဘာသာ စကားကျွမ်းကျင်မှုကို အရမ်းအလေး ထားတယ်''ဟု ဒူဘိုင်းရှိ Alsher ကုမ္ပဏီမှ အရောင်းဝန်ထမ်းအမျိုး သမီးတစ်ဦးက ပြောပြခဲ့ပါသည်။
ယူအေအီး ကုမ္ပဏီများမှ အင်္ဂလိပ် ဘာသာစကားကို ပထမဦးစားပေး အနေဖြင့် လုပ်ငန်းခွင်သုံး စကားပြော အဖြစ်သတ်မှတ်ပြီး အာရပ် ဘာသာ စကားနှင့် အခြားသော ဥရောပစကား အရေး၊ အဖတ်၊ အပြော ကျွမ်းကျင် ထားပါကလည်း ဘာသာစကား တစ်ခုလျင်တတ်မြောက်မှု ချီးမြှင့်ငွေ Language Allowance အဖြစ် သတ်မှတ် ထားရှိသည် ဟုလည်း သိရှိရသည်။
ဒူဘိုင်းရှိ ကုမ္ပဏီများတွင် ရောက်ရှိ လုပ်ကိုင်နေကြသော အလုပ်သမားဦးရေသည် ကုမ္ပဏီတစ်ခုတွင် ထောင်ချီရှိရာ အလုပ်သမားအများ စုမှာ မြန်မာအပါအ၀င် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံများမှ ဖြစ်ကြပြီး ဥရောပနိုင်ငံသားများမှာ ကြီးကြပ် ရေးမှူးနှင့် အခြားရာထူးအမြင့်ပိုင်း တွင် တွေ့ရတတ်သည်ဟု သိရှိရပါ သည်။
ယူအေအီးသည် ယခင်ကဗြိတိသျ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ခြင်း ကြောင့် မိခင်ဘာသာစကားဖြစ် သော အာရပ်(Arbic) အပြင် အင်္ဂလိပ် ဘာသာစကားအား လုပ်ငန်းခွင်သုံး အဖြစ် တွင်ကျယ်စွာ သုံးစွဲခြင်းများ ယနေ့တိုင် ရှိနေခြင်းဖြစ်ကြောင်း လေ့လာသူအချို့က ဆိုပါသည်။
ဟံသာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်
ဟိုတယ် တွေမှာ vacancy ရှိနေရင်
သူငယ်ချင်းတို့ရေ
ဘယ်မှာဘဲဖြစ်ဖြစ် သူငယ်ချင်းတို့ ကြားသိတဲ့ vacancy announcements လေးတွေရှိခဲ့ရင်
ဒီ နေရာ လေးမှာ တင်ပေးကြပါဦး
အခုလောလောဆယ်တော့ ကျွန်တော်တို့ဟိုတယ်မှာ
1. Dimsum Chef 1 Post လိုနေပါတယ် တရုပ် ကိုရီးယားအစားအစာ
2. Driver 1 Post who can communicate with Thai language
3. Pool Attendant 1 post.ရေကူးကျွမ်းကျင်သူ ထိုင်း အင်္ဂလိပ် အနည်းငယ်ပြောနိုင်သူ ဖြစ်ရပါမယ်
အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်
Monday, November 9, 2009
နိုဝင်ဘာလ ၉ ရက်နေ့
ဒီနေ့ မနက် ၅ နာရီ ခန့်မှာ ဟိုတယ် Guest Relation Supervisor
မမြင့်မြင့်သန်းရဲ့ မိခင် ကွယ်လွန်သွားပါတယ်
နှလုံး ကြီးနေပြီး ကျောက်ကပ်အားနည်းနေတယ်လို့ သိရပါတယ်
အိမ်မှာ ၅ ရက်ထားပြီးမှ ကော့သောင်းသုဿာန်မှာ မီးသင်္ဂြိုလ် မှာဖြစ်ပါတယ်

Sunday, November 8, 2009
ကို ၀င်းမောင်
ကို ၀င်းမောင် ကတော့ Outlet Cashier နဲ့ 1995 ခုနှစ်မှာ အလုပ်ဝင်လာတာပါ
အခုတော့ အင်္ဂလန် ရောက်ပြီး တက္ကသိုလ် တစ်ခုမှာ ဆရာတစ်ဦးဖြစ်နေပါပြီ
လန်ဒန်မှာဘဲ နေနေပါတယ် မိသားစုနဲ့ အတူပါဘဲ သားလေး ၂ ယောက်တောင်ရနေပါပြီ

နိုဝင်ဘာလ ၈ ရက်နေ့
ဒီနေ့ ကိုလွင်မောင်အေးနဲ့ ကို အောင်နိုင်ဦး တို့ ရနောင်း ကို မနက် ၆း ၃၀န်ာရီလောက်က ကူးသွားကြပါတယ်
ထိုင်းနိုင်ငံ Koh Samui ကျွန်းအထိ ခရီးဆက်ကြမှာပါ

မ ခိုင်စိုးမိုးအောင်
မ ခိုင်စိုးမိုးအောင် ကတော့ ကျွန်တော်တို့အားလုံး စိုးမိုး လို့ခေါ်ကြပါတယ်
အေးချမ်ြး့ပီး Andapman Pearl မှာ Hostessလုပ်သူပါ ထွက်သွားပြီးကတည်းက ကို မတွေ့ ရသေးပါဘူး
ကုန်သည်လမ်း နဲ့ ပန်းဆိုးတန်းလမေ်းထာင့် မှာတော့ တခါတွေ့လိုက်ပါသေးတယ် ကိုဇော်မင်းဦးနဲ့ ပေါ့
ကျွန်တ်ာက taxi ပေါ်မှာဆိုတော့ ခေါ်လို့ မကြားကြဘူးထင်တယ်

Saturday, November 7, 2009
ကို ဇော်မင်းဦး
Bell Captain ကိုဇော်မင်းဦးကတော့ 1995 ခုနှစ်ကတည်းကရောက်လာသူပါဘဲ
အန်ဒမန်ကထွက်ပြီး Phuket Air မှာ ၀င်လုပ်သေးတယ်
အခုတော့ ရန်ကုန်မှာဘဲရှိနေတယ်လို့ပြောပါတယ်
အဆက်အသွယ်မရသေးပါဘူး ရတာနဲ့ အပြည့်အစုံတင်ပေးပါ့မယ်

Wednesday, November 4, 2009
ကို သန်းဇော်ဦး
ကို သန်းဇော်ဦး ကတော့ Bakery မှာ 1996 ခုနစ်မှာစတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး 1998 ခုနှစ်မှာ ထွက်ပြီးရန်ကုန်ပြန်သွားပါတယ်
ရန်ကုန်မပြန်ခင်လေးမှာ ကော့သောင်းလေးမိုင် တောင်ကုန်းက ခြံလေးထဲမှာ Restaurant လေးဖွင့်သေးတယ်ဗျ
အဲဒီအချိန်တုံးက သူ့ဆိုငလေးကို ထိုင်ချင်စရာကောင်းအောင် ပြင်ဆင်ထားပေမယ့် အဲဒီတုံးက ကော့သောင်းက
စားသုံးမယ့်သူတွေက မျက်စိ မကျကြဘူး ဒါနဲ့ဘဲ သူက နောက်ထပ်ခြေလှမ်းသစ်တွေ အချိန်မီလှမ်းနိုင်အောင်လို့
ရန်ကုန်ပြန်သွားတယ် အခုတော့ Bakery သင်တန်းဖွင့်ပြီး ပညာမျှဝေနိုင်တဲ့ သူ ဖြစ်နေပါပြီ
သူ့ရဲ့ blog လေး ကို ဒီမှာ ၀င်ကြည့်ပါဦး http://ibp2009.multiply.com/
သူ့ရဲ့ ဖုန်းနံပတ် က Aghee -09 5044678 - 095064478

Monday, November 2, 2009
မသူဇာထွန်း
မသူဇာထွန်း ကတော့ Andaman Pearl စားသောက်ခန်း က Hostess ၀န်ထမ်းပါ
1995 ခုနှစ်ကတည်းက နေ တာဝန်ထမ်းဆောင်လာပြီး 2001 ခုနှစ်မှ ထွက်သွားတာပါ
အခုထိသိရသလောက်ကတော့ မစ်စတင်းလာပါပြီရှင် လို့ကြော်ငြာတဲ့ Company မှာ အလုပ်လုပ်နေရင်း
သူ့ခင်ပွန်း ကို ဝေလင်းထွန်း နဲ့ သားလေးတစ်ဦးနဲ့ ပျော်ရွှင်စွာရှိနေပါတယ်

ကို ဝေလင်းထွန်း
ကို ဝေလင်းထွန်း ကတော့ ကျွန်တော်တို့ က ခင်မင်စွာနဲ့ ဘဲ ၀ီစကီ လို့ခေါ်ကြပါတယ် 1995 ပထမဦးဆုံးအသုတ်ကပါ
သူဌေးကျွန်းဟိုတယ်ရဲ့ ဘရားလူကြီးပေါ့ဗျာ Oulet Cashier , Oulet Supervisor ရာထူးနဲ့ တာဝန်ထမ်းဆောင်ရင်း 2005 ခုနှစ်မှာ
ကျွန်တော်တို့ကိုထားခဲ့ပြီး ရန်ကုန်ကို ချစ်သူလေးမသူဇာထွန်း နဲ့အတူ ပြန်သွားတယ် ပထမတော့ လင့်ခ် လမ်း က ဟိုတယ်ငယ်လေးမှဝင်လုပ်တယ် ပြီးတော့ ပင်းဒယ ဟိုတယ်မှာ Resident မန်နေဂျာ ပြီးတော့ မြန်မာလေညင်း Compnay မှာ
အခုနောက်ဆုံးသိရတာကတော့ INGO အဖွဲ့အစည်းတစ်ခုမှာလုပ်နေတယ်လိုသိရပါတယ်
သူနဲ့ အဆက်အသွယ်ရတာနဲ့ Data တွေ ထပ်ဖြည့်ပေးမယ်ဗျာ
သူ့ email address ကတော့ mrwailinn09@gmail.com ဖြစ်ပါတယ်

ဆီမီးတစ်ထောင် ပန်းတစ်ထောင်
မနေ့ ည လပြည့်နေ့ညမှာ ကော့သောင်းမြို့ ပြည်တော်အေးစေရင်ပြင်တော်ပေါ်မှာ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲ လေး ကို အစဉ်အလာမပျက် ကျင်းပဖြစ်ပါတယ် ကြက်ပျံမကျ စည်ကားပြည့်နှက်နေတဲ့ လူအုပ်ကြီးထဲမှာ အန်ဒမန်ကလပ် လိုဂိုနဲ့ စာတမ်းလေး ပုံဖေါ်ထားတာကိုလူတိုင်းသဘောကျနေခဲ့ပါတယ် ဒီနှစ်ထူးထူးခြားခြား ပေ ၂၀ အမြင့်ရှိတဲ့ မီးပုံးပျံ လွှတ်တင်ဖို့ပြင်ဆင်ရင်းနဲ့ မအောင်မြင်ခဲ့ ပါဘူး လေတိုက်တာထိမ်းမရတော့ ဆိုင်းကြိုးတွေ ပြတ်ထွက်ပြီး မီးလောင်သွားတယ်ဗျာ စိတ်မကောင်းမဖြစ်ပါနဲ့ နောက်နှစ်ထပ်
ကြိုးစားကြတာပေါ့ ကဲကြည့် လိုက်ကြပါဦး
Sunday, November 1, 2009
ကို ညွန့်ဝင်းနိုင်
ကိုညွန့်ဝင်းနိုင် က Night Audit ကနေ 2005 ခုနှစ်မှာ ထွက် ပြီး စီဒီအိုင် သင်္ဘော ဟိုတယ်လိုက် နေတာကြာပါပြီဗျာ ပထမဦးဆုံး Orient Group မှာပါလာခဲ့သူပါဘဲ
သူ့ရဲ့ Email ကတောု့konyount2003@yahoo.com ဖြစ်ပါတယ်
ကို စိုင်းစက်တင်ဘာဝင်း
စက်တင်ဘာ လို့ ခေါ်ကြတဲ့ ကျွန်းစုမြို့သားလေး ပါ
င်္F&B - Victoria Cafe မှာ Waiter လုပ်ခဲ့သူပါ
1996 ကနေ 2000 ခုနှစ်အထိ ပေါ့
အခုတော့ Reiju Company မှာ ပါ ကော့သောာင်းမှာပါ ဘဲ
အိမ်ထောင်လည်းကျနေပါပြီ သားလေးတစ်ယောက်နဲ့ပေါ့ဗျာ

ကို လင်းမင်းထိုက်
ကိုလင်းမင်းထိုက် က 200 2 ခုနှစ်ကနေပြီး Coffee Shop မှာ Waiter အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး
င်္F&B Manager Khun Mullica Sriroj ရဲ့ အခွင့် အရေးပေးမှုကြောင့်ဘဲ F&B ဌာနမှာ Victoria ကနေဘားကိုရောက် ပြီး တစ်ခါ Andaman Pearl ကို ရောက်ပြီး Karaoke ကနေ Coffee Shop ပြန်ရောက်လာပါတယ် သူ က Section အားလုံးမှာ လုပ်ဘူးတဲ့ သူပေါ့ဗျာ

ကို အောင်နိုင်ဦး
ကို အောင်နိုင်ဦး ( အကြီးကောင် ) ကတော့ F&B - Victoria Cafe ကပါ
1996 ခုနှစ်ကတည်း က စပြီး Stewardကနေ Waiter အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ ပြီး 2006 အထိ လုပ်ခဲ့သူပေါ့
အခုတော့ ထိုင်းနိုင်ငံ ကော့ ဆမွီ ကျွန်း မှာရှိနေပါတယ်
သူ့ ချစ်ဇနီးကတော့ မနွယ်နီဝင်းဖြစ်ပါတယ် သားလေးတစ်ယောက်ရနေပါပြီ

ကို အောင်မိုးဇော်
မ ၀င်းပပ၀င်း
မြန်မာဆန်ဆန် ချောမောလှပပြီး သွက်လက် ဖျတ်လတ် တဲ့ ဒီညီမငယ်လေး ဟာ အများက ချစ်ကြတဲ့သူလေးပါ သူ့ရဲ့ Staff Party မှာသီချင်းဆိုဖျော်ဖြေဟန်လေးကို မှတ်မိကြမယ် ဆိုရင် တော့
ကျွန်တော်ပြောတာ ငြင်းကြမယ် မထင်ပါဘူးနော် အခုတော့သူချစ်တဲ့ ကိုသားငယ်နဲ့ အတူ Macao မှာ အတူ ရှိနေကြပါတယ် သူ့ရဲ့မေးလ်း ကတော့ winpapawin.victoria@gmail.com
Subscribe to:
Comments (Atom)