Monday, January 31, 2011

GIVE A HAND

GIVE A HAND
ကျနော်တို့ ၀န်ထမ်းတွေအတွက် ဟိုတယ်ကစီစဉ်ပေးခဲ့တဲ့ trip တခုပါ။ ကျနော်အလုပ်ခွင်ပြန်မ၀င်ခင်တုန်းက ရွှေတောင်ဦးပရဟိတ မိဘမဲ့ကျောင်းကို ၀န်ထမ်းတွေသွားရောက်လှူဒါန်းမှုတွေလုပ်ခဲ့ပီး မလိဝမ်းရေတံခွန်နဲ့ ရေပူတွင်းတို့မှာ အပန်းဖြေခဲ့ကြပါတယ်။ ဒီတခေါက်ကိုလည်း ဂျီအမ်က အရင်ခေါက်လို အလှူနဲ့တွဲပီး trip စီစဉ်ပေးပါ သွားခဲ့ပီးတဲ့နေရာကိုလည်း မသွားပါနဲ့..နေရာ အသစ်ကိုရှာပါဆိုတော့ ခေါင်းချင်းဆိုင်ပီး (ဘီယာကိုင်လျှက်) ဆွေးနွေးခဲ့ကြရသေးတယ်။ နောက်ဆုံးတော့ ရွှေပြည်သာရပ်ကွက်က ခေမာသီဝံ အမှတ်(၃)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရွေးချယ် လိုက်ကြပါတယ်။ အဲဒီမှာက ကျောင်းသားလေးတွေ အယောက် ၉၀ လောက်ရှိခဲ့ပါတယ်။ ရပ်ကွက်ထဲက စာသင်ကျောင်းမှာ မတက်နိုင်လို့ ဒီမှာလာတက်နေကြတာ များပါတယ်။ ရပ်ကွက်ထဲက အစိုးရစာသင်ကြောင်းမှာ မတက်နိုင်လို့ဆိုတော့ အစိုးရကျောင်းတွေက
ဝင်ကြေးပေးရလို့လား၊ ဈေးကြီးလို့လား အဲလိုမမေးပါနဲ့ခင်ဗျာ။ ကိုယ်ပိုင်စာရေးကိရိယာကိုတောင်မှ မ၀ယ်နိုင်လို့ ဒီလိုစာသင်ကျောင်းမျိုးမှာ ပညာလိုအပ်ချက်အရ လာရောက်သင်ယူနေကြတာပါ။ survey အနေနဲ့ ကျနော်တို့
ရောက်သွားတဲ့အခါ ကျနော်တကယ်ကို ကိုယ်ချင်းစာလိုက်မိတာပါ။ ကျနော်ငယ်ငယ်ကလည်း ကျောင်းတက်ခဲ့ရတယ်ဆိုတာ ပြည့်ပြည့်စုံစုံတက်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ကျနော်မြင် လိုက်ရတဲ့အဆင်ကတော့ ရင်ဘတ်တချက်နင့်သွားစေတယ်ဗျ။ တချို့ကလေးတွေအ၀တ်အစားအဆင်မပြေကြဘူးဗျ။ ဘောင်းဘီအင်္ကျီအပေါက်အပြဲနဲ့ စာသင်လာတာ မြင်လိုက်ရတော့ ကျနော်ကိုယ်ချင်းစာမိပါတယ်။ စာရေးကိရိယာအဆင်မပြေတာတော့ မေးမနေပါနဲ့တော့။ ကလေးတွေအတွက်အဓိကလိုအပ်ချက် ဖြစ်တဲ့သောက်ရေအိုးဆိုတာ အမိုးအကာမရှိတဲ့ ဟင်းလင်းပြင်အောက်က အမှိုက်ပုံဘေးနားမှာဆိုတော့ ...သူတို့ကျန်းမာရေးအတွက် ကျနော်စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကျနော်ခံစားလိုက်ရတာကို ကျနော်သဘောပေါက်ပါတယ်။ ကျနော့်မှာလည်း သူတို့အရွယ်အောက် နည်းနည်းငယ်တဲ့သားတယောက်ရှိနေတာဆိုတော့ ကျနော့်သားလေးတွေသာဆိုရင်ဆို တဲ့အသိနဲ့ ခံစားမိတာပါ။ ဒါနဲ့ပဲ ကျနော်တို့ HR အဖွဲ့က ဒီစာသင်ကျောင်းလေးကို ရွေးချယ်ခဲ့ကြတယ်။
စတင်စီစဉ်ကတည်းက ကျနော်တို့အဖွဲ့ အလုပ်မအားတဲ့ကြားတဲ့က တက်ကြွနေကြတာပါ။ ကားတွေစီစဉ်။ လိုအပ်ရင်ငှားဖို့။ ကလေးတွေကျောင်းမှာ ဘာတွေအဓိကလိုအပ်နေတာလည်း။ ဘယ်သူတွေဆီက အလှူခံမှာလည်း။ fund ဘယ်လောက်လိုလည်း။ တကယ်တော့ ကျနော်တို့ HR ကအဲဒီအချိန်မှာ လုံးဝ busy ဖြစ်နေတဲ့ အချိန်ပါ။ sale excuetive ကိုယဉ်ထွေးဆိုတာလည်း အနာထပိန်လက်သစ်ဆိုတော့ မအားတဲ့ကြားကနေ ကျနော်တို့နဲ့ လက်တွဲညီစေခဲ့တာပါ။ ၀န်ထမ်းတွေ အပန်းဖြေဖို့ trip ဆိုတာကလည်း ပလုံးတုံးတုံးကိုပဲ အားလုံးသဘောကျရွေးချယ်လိုက်ကြတယ်။ beach ကကျယ်တယ်။ game တွေကစားလို့ အဆင်ပြေမယ်။ လွတ်လပ်ပေါ့ပါးစွားနဲ့ ပျံသန်းကြမယ်။ လန်းမယ်ပေါ့ဗျာ။ စပီိဆိုကတည်းက ကလေးတွေအတွက်နဲ့ ၀န်ထမ်းတွေအတွက် ဦးစားပေးစီစဉ်ခဲ့တာပါ။ အခုဒီလိုအစီအစဉ်မှာ စိတ်ဓာတ်တက် ကြွစွာလိုက်ပါကြတဲ့ ၀န်ထမ်းတွေကို ကျနော်တို့က အထူးကျေးဇူးတင်ပါတယ်။ ပျော်ဖို့ရွှင်ဖို့ဆိုတာထက် တခြားသောဝန်ထမ်းများနဲ့ ပူးပေါင်းရန်ဆန္ဒရှိမှု၊ အားနည်းသူတို့အားကူညီလိုမှု စတဲ့ စိတ်ဓာတ်တွေဟာ ကျနော်အခု ပိုစ့်တခုနဲ့မှတ်တမ်းတင် ဂုဏ်ပြုလောက်အောင်ကို ထိုက်တန်ပါတယ်။ တကယ်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းကို ကျနော်တို့ဘလော့စာမျက်နှာကပဲ ပြောကြားလိုပါတယ်။ HR ရုံးခန်းရှေ့ကနေ ကျေးဇူးတင်ကြောင်း စာကပ်ရင်မလိုသူတွေက မလိုစကားဆိုလာမှာကြောင့်ပါ။



နောက်ထပ်တော့ ကျနော် trip အကြောင်းကို ပုံပြောသလိုပြောပြမှာပါ။ သွားဖို့ရက်ကို ဇန်န၀ါရီလ ၂၇ ရက်နေ့ ကြာသပတေးနေ့ကို သတ်မှတ်လိုက်ပါတယ်။ မသွားခင် game တွေစီစဉ်ဖို့ ကျနော်တာဝန်ပေးခံရပါတယ်။ ကျနော်လည်း ကစားဖူးသမျှတွေထဲက အကောင်းဆုံးဖြစ်အောင်ကို စီစဉ်ထားတာပါ။ ကျနော်စီစဉ်သမျှတော့ ကျနော်ဘာသာ သဘောတွေကျနေတာပါပဲ။ တကယ့်နေ့မှာ ကစားကြတော့လည်း game တွေကြောင့် အားလုံးပျော်ခဲ့လို့ ကျနော်ပီတိဖြစ်ရပါတယ်။ ကလေးတွေကို ထမင်းတနပ်လောက် ကျွေးမယ်လို့ ကျနော်တို့စဉ်းစားထားပေမယ့် ငွေရေးကြေးရေးအခြေအနေက ကျနော့်  တို့ စိတ်ကူးကို အကောင်အထည်ဖော်မပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ရုံးခန်းရှေ့မှာ ချထားတဲ့ အလှူခံပုံးကနေ ဘတ် 1000 လောက်ရလိုက်တာမို့ ရေခဲမုန့်တော့ ကျွေးနိုင်ပီလို့ကျနော်တို့ ပျော်နေကြတယ်။    ပစ္စည်းတွေကလည်းစုံ လိုအပ်သလောက်လည်း ပြည့်စုံပီမို့လို့ ကျနော်တို့ သတ်မှတ်ရက်မှာ terget ကို ချီတက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ဆရာမတွေကိုတော့ ကြိုတင်မှာခဲ့ပါတယ်။ ကျောင်းသားကလေးတွေကို ပုံမှန်အတိုင်းသာ နေထိုင်ဖို့နဲ့ မူရင်းအခြေအနေအတိုင်းသာ ကျနော်တို့မြင်ချင်ပါကြောင်းကို ကြိုတင်အသိပေးခဲ့ပါတယ်။ ကျနော်တို့အဖွဲ့က ၀န်ထမ်း ၅၀ ကျော်ခဲ့ပါတယ်။ ထိုင်း ၁၅ ယောက်ခန့်ပါဝင်ပါတယ်။            ဘုန်းကြီးကျောင်းကို ရောက်တာနဲ့ ပါလာတဲ့ပစ္စည်းတွေကို စုစည်း ကလေးတွေအတွက်ဝေခြမ်းရေး လုပ်ပါတယ်။ ကလေးတွေကလည်း ပျော်လို့။ ကျနော်တို့ ၀န်ထမ်းတွေကလည်း ပျော်လို့။ ကျနော်လည်း မအားပါဘူး ဒါပေမယ့် ပျော်လို့။  ကလေးတွေမှာ စာရေးကိရိယာတွေပိုက်ရင်း မနိုင်မနင်းနဲ့ရေခဲမုန့်စားနေတာ ကြည့်ပီး အဲဒီလိုမနိုင်မနင်းဖြစ်အောင်ပံ့ပိုးပေးနိုင်တာကိုပဲ ကျနော်ကျေနပ်ပီတိဖြစ်နေမိတာပါ။ ပီးတော့ ကျနော်တို့အဖွဲ့ ကလေးတွေနဲ့ အတူတူဓာတ်ပုံရိုက်ကြပါတယ်။ ကျန်သေးတဲ့လှူဖွယ်တွေကိုလည်း ဆရာမတွေလက်ထဲသာ အပ်လိုက်ပါတယ်။  ဆရာမတွေကလည်း ၀မ်းသာကြောင်းနဲ့ ကျေးဇူးတင်ကြောင်းတဖွဖွပြောလို့ စကားမနည်း ဖြတ်ခဲ့ရပါတယ်။  ကျနော်တို့က ကမ်းခြေကိုဆက်ဖို့ ရှိသေးတာကြောင့် အချိန်အတိုင်းတာအရ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ကမ်းခြေရွာထဲကို ၀င်ဖို့တံတားကိုဖြတ်တဲ့အခါမှာ ကားနဲ့ဖြတ်လို့ရအောင် ကြိုတင်စီစဉ်ထားပေမယ့် ၀န်ထမ်းတွေကို ကားနဲ့မလိုက်စေဖို့ တံတားပေါ်မှာ လမ်းလျှောက်စေခဲ့ပါတယ်။ ကားကတော့ တံတားကိုဖြတ်သွားပီး ရွာထိပ်ကနေစောင့်နေတာမို့ ၀န်ထမ်းတွေနည်းနည်းတော့ ပင်ပန်းသွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာဝန်ထမ်းတွေက အေးဆေးဆိုပေမယ့် ထိုင်းဝန်ထမ်းအမျိုးသမီးတွေကို တော့အားနာစရာကောင်းခဲ့ပါတယ်။ ကမ်းခြေရောက်ရောက်ချင်းနေရာချပီး အရင်ဆုံးစားသောက်ခဲ့ကြပါတယ်။ ကျနော်တို့ကတော့ game ကစားဖို့အတွက် နေရာတွေစီစဉ် နေခဲ့ရတယ်။  တကယ်ကစားတဲ့အချိန်မှာတော့ ၀န်ထမ်းအားလုံးတက်တက်ကြွကြွနဲ့ ပါဝင်ကစားခဲ့ပီး အားလုံးပျော်နေခဲ့တာမြင်ရတဲ့အတွက် ကျနော်တို့ပင်ပန်းရကြိုးနပ်ခဲ့တယ်လို့ဆိုရမှာပါပဲ။ ကစားခဲ့တဲ့ game တွေကလည်း အဆင်ပြေပါတယ်။ ၀န်ထမ်းတွေကလည်း ယှဉ်ပြိုင်လိုစိတ်နဲ့ ကစားကြတာဖြစ်တဲ့အတွက် လာရောက်လည်ပတ်နေတဲ့ အပြင်လူတွေတောင် ကျနော်တို့အဖွဲ့ ကစားနေကြတာတွေကို လာရောင်ငေးမောနေခဲ့ကြတာကို မြင်တွေ့ခဲ့ပါတယ်။ အားလုံးလည်း ပီတိပွားနိုင်အောင်လို့ ကျနော်တို့ ခရီးစဉ်ဓာတ်ပုံများကို တင်ဆက်လိုက်ပါတယ် ခင်ဗျား...........။