Friday, October 30, 2009
ကူညီကြရအောင်။
ဒီနေရာလေးကိုတည်ဆောက်ချင်တယ်လို့ ကျနော်က ကိုငယ်ကိုပြောတော့ အားလုံးဝမ်းသာအားရဖြစ်ကြတာပေါ့။ အင်တာနက်သုံးတတ်တဲ့ သူငယ်ချင်းတွေရော၊ မသုံးတတ်သူတွေရော ထောက်ခံကြပါတယ်။ ရည်ရွယ်ချက်လေးစိတ်ကူးမိတာကတော့ တချို့သူငယ်ချင်းတွေက အွန်လိုင်းကနေအလုပ်လျှောက်ဖို့အတွက် အတွေ့အကြုံမရှိကြတော့ သူတို့ကိုကူညီချင်တာပါ။ ဒီဟိုတယ်မှာလုပ်ခဲ့ဖူးသူအချင်းချင်းတတ်နိုင်သလောက် ကူညီကြရအောင်လို့ပေါ့။ ကျနော်စဉ်းစားမိတာက ၀န်ထမ်းတွေထဲက တချို့ဆို သဘော်တတ်တဲ့သူနဲ့၊ နိုင်ငံခြားမှာ အဆင်ပြေနေကြသူတွေနဲ့ပေါ့။ ဒါပေမယ့် အဆင်မပြေသေးတဲ့သူ၊ နိုင်ငံရပ်ခြားမှာအလုပ်ရဖို့ကြိုးစားနေသူတွေ၊ အဆင်မပြေပဲပြန်လာကြသူတွေ၊ မြန်မာပြည်ထဲမှာပဲ အဆင်ပြေစွာလုပ်ကိုင်နေကြသူတွေ စသည်ဖြင့်သတင်းတွေ အမျိုးမျိုးကြားရပါတယ်။ အဲဒီလိုအဆင်ပြေနေသူတွေကနေ အဆင်မပြေသူတွေကို တတ်နိုင်သလောက်ပေါ့ ကူညီစေချင်တာပါ။ ငွေရေးကြေးရေးကိုပြောတာမဟုတ်ပါဘူး။ အလုပ်ကိုဘယ်လိုလျှောက်ရမယ်။ ဘယ်လိုနည်းလမ်းမျိုးနဲ့ကြိုးစားရမယ်ဆိုတာတွေပေါ့။ နောက်ပီး vacancies ရှိမယ့်နေရာတွေကို လင့်ခ်လေးတွေတင်ပေးဖို့ပေါ့။ တယောက်နဲ့တယောက် ဘယ်နေရာမှာအလုပ်လိုတယ်။ ဘယ်သူတွေက ဘယ်လိုအရည်အချင်းရှိတယ်။ တကယ်လိုအပ်တဲ့သူနဲ့ တကယ်အရည်အချင်းနဲ့သင့်တော်သူတွေကိုချိတ်ဆက် ပေးမိရင် ၀မ်းသာစရာကူညီမှုလေးတွေဖြစ်လာမှာပေါ့။ ၀င်ရောက်ကြည့်မိသူတွေကလည်း comment လေးတွေ ရေးပေးသွားစေချင်ပါတယ်ခင်ဗျာ။ ဒီနေရာလေးက စတင်တည်ဆောက်ခါစမို့ အဆင်မပြေတာလေးတွေရှိနေပါ သေးတယ်။ အဲဒါကိုလည်း ခွင့်လွှတ်နားလည်ပေးစေချင်ပါသေးတယ်နော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment