Wednesday, March 17, 2010
ကျွန်တော်တို့ အလှူ
မေတ္တာဝေ မျှ နွေးထွေးလှ၏
ကော့သောင်းမြို့ ၂၄ မိုင် မလိဝန်းကျေးရွာအတွင်း ရှိ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာနှင့်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိဘမဲ့ကလေးများ စုစုပေါင်း ၁၂၅ ဦး ရှိနေပါသည်။ ယောက်ျားလေး ၉၈ ဦး ၊ မိန်းကလေး ၂၇ ဦး သည် ဆရာတော်၏မေတ္တာရင်ငွေ့ကိုခိုလှုံရင်း ပညာသင်ကြားကာနေထိုင်လျှက်ရှိပါသည်။ မိဘမဲ့နေကြရှာသော ကလေးများတွင် အသက်အငယ်ဆုံးမှာ
၂ လခွဲခန့်ပင်ရှိသေးသည် အသက်အကြီးဆုံးမှာ ၁၃ နှစ်ပတ်ဝန်းကျင်မျှသာရှိကြပါသည်။
သူတို့လေးတွေ မှာ မိဘရင်ခွင်ထဲမှာ နေရင်း ပျော်ရွှင်နေရမယ့်အချိန်မှာ ဘ၀ကံအကျိုးပေးလို့ဘဲပြောရမလား အမိအဖ မရှိတော့တဲ့ဘ၀ ဖြစ်စေ၊ အမိအဖ ရှိနေသော်လည်း တာဝန်ယူကျွေးမွေးစောင့်ရှောက်မယ့်အမိ ဒါမှမဟုတ် အဖ က မတတ်စွမ်းနိုင်တဲ့ဘ၀မို့ လို့ ဆရာတော်ရဲ့ ပြုစုစောင့်ရှောက်မှု ကိုတောင်းခံပြီးအပ်နှံထားခဲ့ခြင်းဖြစ်စေ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းများ ကြောင့် စွန့်ပစ်ထားခံရခဲ့ခြင်းဖြစ်စေ၊
မည်သို့ပင်ဖြစ်စေ ဆရာတော်၏ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာလေးတွင် အတူတကွ နေထိုင်နေကြရင်း မမြင်ရသေးသောအနာဂတ်အားပုံဖေါ်နေကြသောကလေးငယ်များဖြစ်ပါသည်
ကျွန်တော်တို့ သူဌေးကျွန်းအပန်းဖြေဟိုတယ်မှ ၀န်ထမ်းများ ၏ အလှူဒါနငွေကြေးများ၊ စာအုပ်စာရေးကိရိယာများ ။အ၀တ်အစားများ ဆေးဝါးများ စသည်ဖြင့် ၀န်ထမ်းများ၏ သဒ္ဒါဖြစ်တည်ရာ မည်သည့် အရာကိုမဆို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် သွားရောက်လှူဒါန်းပေးအပ်ကြမည် ဆိုပြီး စီစဉ် ပြီး အထွေထွေမန်နေဂျာ ကို outside activities တစ်ခုအနေနဲ့ ဆောင်ရွက်ခွင့်ပေးဖို့ ခွင့်တောင်းတော့ အိုကေတဲ့
ဒါနဲ့ စည်းရုံးလှုပ်ရှားလိုက်တာ 11 ရက်နေ့ကြတော့
မြန်မာ ၀န်ထမ်း 50 ကျော် နဲ့ ထိုင်းဝန်ထမ်း 22 ယောက် အပါအ၀င် 70ကျော် ရွှေတောင်ဦးကျောင်းကို ပျော်ပျော်ပါးပါး သွားလှူနိုင်ခဲ့ကြတာပေါ့ဗျာ
ဟေ့ ဖတ်နေကြတဲ့သူတွေ သာဓုခေါ်ဖို့မမေ့နဲ့နော်
မြန်မာငွေ ၁၂ သိန်းလောက် လှူနိုင်ခဲ့တာမို့ ကျွန်တော်တို့ တစ်ကယ်ဘဲ စိတ်ချမ်းသာခဲ့ကြပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment