COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာ လေးက သင့်ကို
ဘာများ ကူညီပေးနိုင်မှာလည်း ဆိုတဲ့ မေးခွန်းလေး ဖြေရတော့မယ် ဆိုရင် ပေါ့
ဗျာ။
ဘာဖြစ်လို့ မင်းကို ငါ အလုပ်ခန့်ရမှာလည်း ဆိုတဲ့မေးခွန်းကို
သိသာနေအောင် ဖြေကိုဖြေပေးရတော့မယ်လေ။
ဒီအဖြေက အလုပ်ရှင်တွေရဲ့ အာ၇ုံကို
ဆွဲယူနိုင်ပြီး ခင်ဗျားဟာ အလုပ်လျှောက်ထားသူတွေ အားလုံးရဲ့ အထဲမှာ
အတော်ဆုံး ဖြစ်နေပြီး လူတွေ့နှုတ်ဖြေ မေးမြန်းတာကို တုန့်ပြန်ဖြေဆိုရတဲ့
အခွင့်အရေးကို ရသင့်သူ ဖြစ်ကြောင်း သိသာစေသင့်တာပေါ့ဗျာ။ ဒီ COVER LETTER
ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာလေးက ခင်ဗျား နဲ့
အလုပ်ခန့်မယ့်သူဌေး ဒါမှမဟုတ် သူဌေးရဲ့ကိုယ်စားလှယ်တွေနဲ့ မျက်နှာစုံညီ
ဆုံတွေ့ပြီး ခင်ဗျားဟာ အခုလစ်လပ်နေတဲ့ရာထူးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း
သူတို့ စိတ်ထဲမှာ ထင်မြင်နိုင်ပါစေ။
YOUR ADDRESS
(ဒီနေရာမှာ ခင်ဗျား နာမည်မရေးပါနဲ့နော်)
TODAY'S DATE
ဒီနေ့ ရက်စွဲ
Mr./Ms. အလုပ်ရှင်အမည် EMPLOYER'S
NAME (မသိရင် သိအောင်ကြိုးစားပါ)
TITLE
လျှောက်ထားလိုတဲ့ ရာထူးအမည်
COMPANY'S NAME ကုမ္ပဏီ အမည်
ADDRESS
ကုမ္ပဏီလိပ်စာ
DEAR Mr./Ms. EMPLOYER:
ပထမဦးဆုံး
စာပိုဒ် : ဒါဟာ ကျွန်တော်က ခင်ဗျားထံ ကို ဘာလို့ဒီစာကိုရေးနေရတာလည်း
ဆိုရင် ခင်ဗျားလျှောက်ထားပြီး ခင်ဗျားကိုထည့်သွင်းစဉ်းစားစေ
လိုတဲ့အကြောင်းရေးသားဖေါ်ပြတဲ့ စာ ဖြစ်စေမယ်လေ။. ပုံမှန်အားဖြင့်တော့ စာဟာ
တိုတောင်းရပါမယ်။
ခင်ဗျား ဘာကြောင့် ဒီစာကိုရေးရတာလည်း ဆိုတာနဲ့
ဘယ်အလုပ်ရာထူးကို လိုချင်တာပါလည်း
• ဒီရာထူးနဲ့ ပတ်သက်ပြီး
အလုပ်ခန့်ထားရေးအစီအစဉ် တွေကတဆင့်သိတာလား သင့်အဆက်အသွယ်တွေကတဆင့်သိတာလား
ပြောပြဖြေဆိုတဲ့အခါမှာ ဒီလိုတော့ ဘယ်တော့မှမဖြေပါနဲ့နော်
အလပ်ပွဲစားတွေကတဆင့် သိရတာပါလို့လေ
• ခင်ဗျားဘာ့ကြောင့်ဒီအလုပ်ရာထူးနဲ့
ဒီအဖွဲ့အစည်းကို စိတ်ဝင်စားရတာလည်း ဆိုတာကို ဘယ်လောက်တောင်
လေ့လာပြီးသိအောင်လုပ်ထားရတာလည်း ဆိုတာပြောပြပါ။
• အနှစ်ချုပ်
အချက်အလက်လေးတွေနဲ့ အတူ သေသေချာချာပြောပြလိုက်ပါ ဒါ မှမဟုတ်လည်း
မသိတာတွေထားလိုက်တော့ အကျိုးမဖြစ်မယ့်အချက်အလက်တွေဆို ဘာမှပြောမနေနဲ့ဗျ။
ဒုတိယ
စာပိုဒ် : ‘ဒီစာပိုဒ်ကတော့ ခင်ဗျားသာလျှင် အရည်အချင်းပြည့်မီတယ်ဆိုတာ
ရေးပြမယ်လေ။ ခင်ဗျားလျှောက်ထားတဲ့အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ
အရည်အသွေးတွေ ဖေါ်ပြပေတော့။ အရေးပါမယ်ထင်တဲ့ ခင်ဗျားဖြတ်သန်း ခဲ့တဲ့
အတွေ့အကြုံတွေ ထဲက အချက် ၂ချက် ၃ချက် လောက်ကိုတော့ အစလေး
ဆွဲထုတ်ပြထားပေးလိုက်နော် ။ပြီးတော့ ဒီစာပိုဒ် က အရှည်ဆုံး
စာပိုဒ်ဖြစ်သလို အလုပ်ရှင် နဲ့ လုပ်ရမယ့်အလုပ် ပေါ်မှာမူတည်ပြီး
အမြဲပြောင်းလဲရေးတတ်ဖို့လိုတယ်ဗျ။
ခင်ဗျား ဒီစာပိုဒ် ကို
သိပ်ရှည်နေပြီလို့ ထင်လာရင်တော့ စာပိုဒ် ကို ခွဲထုတ် ပေးဖို့
လိုလာပြီပေါ့နော် သတိထားရမှာကတော့ စာပိုဒ်တိုင်း က အကောင်းဆုံး
စာသားတွေအချက် အလက်တွေနဲ့ ပြည့်စုံနေရမယ်ဗျ။ Points to ponder:
• ပထမဦးဆုံးစာကြောင်း
က မိုက်တီးရဲ့ ရိုက်ချက်ဖြစ်နေရမယ်။အဖွင့်စာကြောင်းက
အားလုံးကိုဖွင့်ချဖို့ ( ခင်ဗျားအရည်အချင်းတွေပြောတာ) အဲဒီအချက်တွေက
ခင်ဗျားလျှောက်တဲ့အလုပ်ရဲ့ လိုအပ်နေတဲ့ အရည်အချင်းတွေအရည်အသွေးတွေ
ခင်ဗျားရေးတာတွေက အလုပ်ကလိုအပ်တဲ့ အချက်တွေနဲ့ တိုက်ရိုက်နီးပါး
သက်ဆိုင်စေရမှာဖြစ်သလို ခင်ဗျား အရည်အချင်းတွေအကြောင်း နိဒါန်း အနေနဲ့
အဖွင့်သဘောမျိုးပြောရမယ်လေ။
• စာပိုဒ်ရဲ့ စာကိုယ်ပိုင်းမှာတော့
ခုနကလေးတင် က မှ ခင်ဗျားပြောခဲ့တဲ့ အကြောင်း အချက်တွေကို အထောက်အပံ့
ဖြစ်စေရမယ် ။အလုပ် ၊ အလုပ်သင်ဘ၀ ၊ သင်တန်းတွေအကြောင်း ၊ပရိုဂျက်တွေအကြောင်း
အထူးအလေးပေးဖေါ်ပြပေးရမယ်။ ခင်ဗျားရဲ့ စီဗီ ခေါ်တဲ့ ကိုယ်ရေးအချက်အလက်မှာ
ဖေါ်ပြထားမယ့် အချက်တွေ ကို ညွှန်းပေးနီုင်ရမယ်ဗျ။ သတိထားရမှာကတော့
ခင်ဗျားရဲ့ CV ထဲမှာရေးထားတဲ့ အတိုင်း တော့ ထပ်တူမဖြစ်စေနဲ့နော်
• Strong
examples are essential ! ခိုင်မာတဲ့ အထောက်အထားနဲ့ ခင်ဗျားရဲ့
တင်ပြချက်တွေက ပြည့်စုံနေဘို့ မရှိမဖြစ်လိုတယ်ဗျနော်။
• နောက်ဆုံး
စာကြောင်းကတော့ အပေါ်မှာခင်ဗျားပြောခဲ့ ရေးခဲ့ တာတွေ ရဲ့ အချုပ်ဖြစ်ရမယ်
။ပြီးတော့ ခင်ဗျားရဲ့ ဒီစာကို ဖတ်ြ့ပြီး ရွေးချယ်ဖို့ လုပ်နေသူတွေကို
ဖတ်ရတာနဲ့ ခင်ဗျားနဲ့ ဒိအလုပ်ကို ဆက်စပ်ရည်ညွှန်းပေးနိုင်ဖို့
ပြန်ညွှန်းပေးရဦးမယ်လေဗျ။
နောက်ဆုံး စာပိုဒ် ။ ဒီစာပိုဒ်ကတော့ ၀ါကျ
အများဆုံးမှ ၂ ကြောင်းကနေ လေးကြောင်းလောက်ဘဲရှိပါစေ။ ဒီမှာ
ခင်ဗျားကစာအိပ်နဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ စီဗီ ( ကိုယ်ရေးမှတ်တမ်း
)ပြီးတော့ အင်တာဗျူးဆိုတဲ့ လူတွေ့နှုတ်မေးတာကိုဖြေဆိုခွင့်လေးရဖို့ တောင်း
ဆိုဖို့ ပါရမယ် သူတို့ စစ်ဆေးမေးမြန်းမယ့်သူတွေ
မေးချင်ချင်တဲ့အစီအစဉ်အတိုင်း စီစဉ်ပြီးခေါ်ဆိုမေးမြန်းဗျူးတာတွေ ဖြစ်ချင်
ဖြစ်စမ်းပါစေ။ ကျန်သေးတယ်ဗျ ဘာထင်လည်း ၊ ကျေးဇူးတင်စကားပြောဖို့ လေ ။
သူ့အချိန်ကိုအသုံးပြုပြီး ခင်ဗျားကို အလုပ်ခန့်ဖို့ အထိဆုံးဖြတ်ချက်ချဖို့
လုပ်ဆောင်ပေးနေတာကိုလေ၊၊
Sincerely, ရိုးသားစွာဖြင့် (
ဒီအတိုင်းဘဲရေးပါနော် ) ရိုးတယ်တုံးတယ်ထင်နေလည်း ။
လက်မှတ်ထိုးပေးမယ်
ခင်ဗျားရဲ့
နာမည် ရေးမယ်
No comments:
Post a Comment