မြန်မာလူမျိုး အများ ဆုံးသွား ရောက်လုပ် ကိုင်ကြသော အာရပ် စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့တော်ရှိ ကုမ္ပဏီတစ်ခုစီတွင် နိုင်ငံပေါင်း စုံမှ လာရောက်ကြသော လူမျိုးစု ပေါင်း ၇၀ ကျော်နှင့် အထက်ရှိကြရာ ယင်း ကုမ္ပဏီတွင်း မှ ၀န်ထမ်း အားလုံး အလုပ် ချိန်အတွင်း မိခင်ဘာသာ စကား သုံးစွဲခြင်း မပြု ရန် သတိပေး တားမြစ်ထား ကြောင်း ဒူဘိုင်းရောက် မြန်မာ အချို့၏ ပြန်လည် ပြောပြချက် များအရ သိရှိရ ပါသည်။
မိခင်ဘာသာ စကားအား လုပ်ငန်းချိန်တွင်း သုံးစွဲခွင့် မပြုရခြင်းသည် အလုပ်သမားများ ကြားတွင်လူမျိုးတူ အလုပ်သမား အချင်းချင်း မိခင်ဘာသာ စကားဖြင့် သုံးစွဲမည်ဆိုပါက အထင် လွဲမှားစေမှုများ ရှိလာနိုင်သည့်အပြင် အင်္ဂလိပ်ဘာသာစကားသည် အာရပ်စော်ဘွားများ ပြည်ထောင်စု၏ လုပ်ငန်းခွင် တရားဝင်သုံး ဘာသာစကား ဖြစ်ခြင်းကြောင့် သုံးစွဲခွင့်တားမြစ် ထားရခြင်းဖြစ်သည်ဟု ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် သုံးနှစ်တာလုပ် ကိုင်ခဲ့ဖူးသူ ကိုဇော်မိုးက ပြောပြ ခဲ့ပါသည်။
''ကျွန်တော်တို့ ကုမ္ပဏီမှာ လူမျိုးတူချင်းတွေ နှစ်ယောက် သုံးယောက် ရှိကြတယ်။ တခြား ကိုယ့်ဘာသာ စကားမသိတဲ့သူတွေ ရှေ့မှာ ကိုယ့်မိခင်ဘာသာစကားနဲ့ ပြောမိတယ်ဆိုရင် တခြားသူကို စော် ကားတယ်လို့ သူတို့အဓိပ္ပာယ်သက် ရောက်ကြတယ်။ ပြီးတော့ ကုမ္ပဏီတွေမှာ လူမျိုးတွေရဲ့ထုံးတမ်းဓလေ့၊ သူတို့လူမျိုးတွေ တန်ဖိုးထားတဲ့ အရာတွေဘာလဲဆိုတာ အရင်ဆုံး ဓလေ့ထုံးတမ်းတွေ ဖလှယ်မှုတွေပြု လုပ်ကြရတယ်''ဟု ကိုဇော်မိုးက သူ၏လုပ်ငန်းခွင် အတွေ့အကြုံများကို ရှင်းပြခဲ့ပါသည်။
လွန်ခဲ့သော ငါးနှစ်တာကာလ တွင်းမှ စတင်ကာ ဒူဘိုင်းကုမ္ပဏီတွင်းသို့ မြန်မာအများစု အလုပ်အကိုင်ဖြင့် ရောက်ရှိခဲ့ကြပြီး နိုင်ငံတကာမှ အလုပ်သမားများအနေဖြင့် ယင်းသို့ အခြေချရောက်ရှိ နေခဲ့ကြသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ရာ အာရပ် စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့တော် သည် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ ဒေသတစ်ခုအဖြစ် အထင်ကရရှိ နေခဲ့သည်။
''ယူအေအီးမှာ အထင်ကရ ပြည်နယ် ခုနစ်ခုနဲ့ ဖွဲ့စည်းထား တယ်။ လူမျိုးစုံ စုဝေးရောက်ရှိနေဖို့ ကို သူတို့နိုင်ငံက အလေးထားတယ်။ ဒါကြောင့် မြန်မာတွေလည်း အလုပ်အကိုင် သွားရောက်ခွင့်တွေ ရခဲ့ကြ တယ်။ ဒါပေမယ့် တကယ့်ရာထူး ကြီးနေရာတွေမှာတော့ မြန်မာတွေ တွေ့ရခဲတယ်။ ပြီးတော့ ဘာသာ စကားကျွမ်းကျင်မှုကို အရမ်းအလေး ထားတယ်''ဟု ဒူဘိုင်းရှိ Alsher ကုမ္ပဏီမှ အရောင်းဝန်ထမ်းအမျိုး သမီးတစ်ဦးက ပြောပြခဲ့ပါသည်။
ယူအေအီး ကုမ္ပဏီများမှ အင်္ဂလိပ် ဘာသာစကားကို ပထမဦးစားပေး အနေဖြင့် လုပ်ငန်းခွင်သုံး စကားပြော အဖြစ်သတ်မှတ်ပြီး အာရပ် ဘာသာ စကားနှင့် အခြားသော ဥရောပစကား အရေး၊ အဖတ်၊ အပြော ကျွမ်းကျင် ထားပါကလည်း ဘာသာစကား တစ်ခုလျင်တတ်မြောက်မှု ချီးမြှင့်ငွေ Language Allowance အဖြစ် သတ်မှတ် ထားရှိသည် ဟုလည်း သိရှိရသည်။
ဒူဘိုင်းရှိ ကုမ္ပဏီများတွင် ရောက်ရှိ လုပ်ကိုင်နေကြသော အလုပ်သမားဦးရေသည် ကုမ္ပဏီတစ်ခုတွင် ထောင်ချီရှိရာ အလုပ်သမားအများ စုမှာ မြန်မာအပါအ၀င် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံများမှ ဖြစ်ကြပြီး ဥရောပနိုင်ငံသားများမှာ ကြီးကြပ် ရေးမှူးနှင့် အခြားရာထူးအမြင့်ပိုင်း တွင် တွေ့ရတတ်သည်ဟု သိရှိရပါ သည်။
ယူအေအီးသည် ယခင်ကဗြိတိသျ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ခြင်း ကြောင့် မိခင်ဘာသာစကားဖြစ် သော အာရပ်(Arbic) အပြင် အင်္ဂလိပ် ဘာသာစကားအား လုပ်ငန်းခွင်သုံး အဖြစ် တွင်ကျယ်စွာ သုံးစွဲခြင်းများ ယနေ့တိုင် ရှိနေခြင်းဖြစ်ကြောင်း လေ့လာသူအချို့က ဆိုပါသည်။
ဟံသာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်
No comments:
Post a Comment