Sunday, July 29, 2012

'' Andaman Club staff offer to over 1000 monks 2012 ''


'' Andaman Club staff offer to over 1000 monks 2012 ''

We hope that you all old Andaman Club Staff will be able to take part in one or more of the exciting event that Andaman Club staff offer to over 1000 monks 2012 and experience your firsthand the pride we take in supporting our cause.
As you all known, we quit in existence 6 years since 2006, so we continue to strive this year. All of we here are very active and participating in this mission.
This is a request for a donation for our charity ceremony, which will be held on 29th November, 2012 at Pyidawaye Pagoda, Kawthaung. Our goal is about 3 million kyats for 2500 package including monks and people.
Your donation will greatly enhance our fund.
Your donation for this charity would be greatly appreciated. Thank you for your kind consideration. 


]] o'¨gMunfjzL olawmfaumif; 0efxrf;taygif;wdkY cifAsm }}
       
        tef'refuvyf olaX;uRef;0efxrf;rsm;pkaygif;í ,cifESpfpOfusif;yNrJjzpfcJhaom oHCm tyg;(1000) qGrf;uyfvSL'gef;yGJBuD;udk ,ckESpfwGif rdrdwdkYjrefrm0efxrf;rsm;\ o'¨gtiftm;jzifh wzefjyefvnfusif;yEdkif&eftwGuf jzpfajrmufa&;tzGJUrS pkpnf;um 2012 ckESpf Zlvdkifv (27)&ufaeYwGif oufqdkif&mXmersm;tvdkuf ukd,fpm;vS,frsm; zdwfac:vQuf tpnf;ta0;usif;ycJhygonf/
        xdktpnf;ta0;n§dEIdif;csufrsm;t& oHCmtyg;(1300) 0ef;usif pm&if;&Sdaeygonf/ wufa&mufvmMurnfh{nfhonfrsm;tygt0if pkpkaygif;(2500) 0ef;usif[k cefYrSef;xm; ygonf/ xdkodkYcefYrSef;xm;aom oHCmESifhvl{nfhonftm;vHk;twGuf vSL'gef;&efukefusrnfhaiG pkpkaygif;udk cefYrSef;ajctm;jzifh odef;(30)[k cefYrSef;ygonf/
        oHCmtyg; (1000)twGuf qGrf;uyfvSL'gef;&ef ukefusaiGudk oHCmwpfyg;vQif aiGusyf (1000)^(bwf40) EIef;tm;jzifh pkpkaygif;ukefusaiGusyf(10)odef;[k cefYrSef;vsmxm; ygonf/ vuf&Sd [kdw,fwGif jrefrm0efxrf; (220) cefYrQ &Sdaeygonf/ 0efxrf;wpfOD;vQif oHCm(5)yg;cefY wm0ef,lvSL'gef;EdkifygvQif oHCmtyg;(1000) qGrf;uyfvSL'gef;Edkif&ef twGuf vHkavmufrQwaom b@maiG&&Sdrnf[k wGufcsufcefYrSef;xm;ygonf/
        qGrf;uyfvSL'gef;rnfhaeYonf Edk0ifbmv(29)&ufaeY jzpfygaomaMumifh vuf&SdumvrS (4)v tcsdefumvtwGif; tvSLaiGaumufcH&ef pDpOfxm;ygonf/ odkYygí 0efxrf;rsm;taejzifh wvvQif bwf(50) EIef;tm;jzifh (4)BudrfcefYrQ oufqkdif&mXmeudk,fpm;vS,frsm;rSwqifh vSL'gef;Edkifyg&ef pDpOfxm;&Sdygonf/ 0efxrf;rsm;\ o'¨gw&m;ESifh0ifaiGtajctaet& xdkxufydkíaomfvnf;aumif; avsmhíaomfvnf;aumif; vSL'gef;Edkifygojzifh r&SdvdkYrvSL rvSLvdkYr&Sd rjzpf&avatmif tvSLyGJjzpfajrmufa&; edAÁmefaqmfrsm;rS wdkufwGef;EdI;aqmf vdkuf&ygonfcifAsm;/


Monday, January 31, 2011

GIVE A HAND

GIVE A HAND
ကျနော်တို့ ၀န်ထမ်းတွေအတွက် ဟိုတယ်ကစီစဉ်ပေးခဲ့တဲ့ trip တခုပါ။ ကျနော်အလုပ်ခွင်ပြန်မ၀င်ခင်တုန်းက ရွှေတောင်ဦးပရဟိတ မိဘမဲ့ကျောင်းကို ၀န်ထမ်းတွေသွားရောက်လှူဒါန်းမှုတွေလုပ်ခဲ့ပီး မလိဝမ်းရေတံခွန်နဲ့ ရေပူတွင်းတို့မှာ အပန်းဖြေခဲ့ကြပါတယ်။ ဒီတခေါက်ကိုလည်း ဂျီအမ်က အရင်ခေါက်လို အလှူနဲ့တွဲပီး trip စီစဉ်ပေးပါ သွားခဲ့ပီးတဲ့နေရာကိုလည်း မသွားပါနဲ့..နေရာ အသစ်ကိုရှာပါဆိုတော့ ခေါင်းချင်းဆိုင်ပီး (ဘီယာကိုင်လျှက်) ဆွေးနွေးခဲ့ကြရသေးတယ်။ နောက်ဆုံးတော့ ရွှေပြည်သာရပ်ကွက်က ခေမာသီဝံ အမှတ်(၃)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရွေးချယ် လိုက်ကြပါတယ်။ အဲဒီမှာက ကျောင်းသားလေးတွေ အယောက် ၉၀ လောက်ရှိခဲ့ပါတယ်။ ရပ်ကွက်ထဲက စာသင်ကျောင်းမှာ မတက်နိုင်လို့ ဒီမှာလာတက်နေကြတာ များပါတယ်။ ရပ်ကွက်ထဲက အစိုးရစာသင်ကြောင်းမှာ မတက်နိုင်လို့ဆိုတော့ အစိုးရကျောင်းတွေက
ဝင်ကြေးပေးရလို့လား၊ ဈေးကြီးလို့လား အဲလိုမမေးပါနဲ့ခင်ဗျာ။ ကိုယ်ပိုင်စာရေးကိရိယာကိုတောင်မှ မ၀ယ်နိုင်လို့ ဒီလိုစာသင်ကျောင်းမျိုးမှာ ပညာလိုအပ်ချက်အရ လာရောက်သင်ယူနေကြတာပါ။ survey အနေနဲ့ ကျနော်တို့
ရောက်သွားတဲ့အခါ ကျနော်တကယ်ကို ကိုယ်ချင်းစာလိုက်မိတာပါ။ ကျနော်ငယ်ငယ်ကလည်း ကျောင်းတက်ခဲ့ရတယ်ဆိုတာ ပြည့်ပြည့်စုံစုံတက်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ကျနော်မြင် လိုက်ရတဲ့အဆင်ကတော့ ရင်ဘတ်တချက်နင့်သွားစေတယ်ဗျ။ တချို့ကလေးတွေအ၀တ်အစားအဆင်မပြေကြဘူးဗျ။ ဘောင်းဘီအင်္ကျီအပေါက်အပြဲနဲ့ စာသင်လာတာ မြင်လိုက်ရတော့ ကျနော်ကိုယ်ချင်းစာမိပါတယ်။ စာရေးကိရိယာအဆင်မပြေတာတော့ မေးမနေပါနဲ့တော့။ ကလေးတွေအတွက်အဓိကလိုအပ်ချက် ဖြစ်တဲ့သောက်ရေအိုးဆိုတာ အမိုးအကာမရှိတဲ့ ဟင်းလင်းပြင်အောက်က အမှိုက်ပုံဘေးနားမှာဆိုတော့ ...သူတို့ကျန်းမာရေးအတွက် ကျနော်စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကျနော်ခံစားလိုက်ရတာကို ကျနော်သဘောပေါက်ပါတယ်။ ကျနော့်မှာလည်း သူတို့အရွယ်အောက် နည်းနည်းငယ်တဲ့သားတယောက်ရှိနေတာဆိုတော့ ကျနော့်သားလေးတွေသာဆိုရင်ဆို တဲ့အသိနဲ့ ခံစားမိတာပါ။ ဒါနဲ့ပဲ ကျနော်တို့ HR အဖွဲ့က ဒီစာသင်ကျောင်းလေးကို ရွေးချယ်ခဲ့ကြတယ်။
စတင်စီစဉ်ကတည်းက ကျနော်တို့အဖွဲ့ အလုပ်မအားတဲ့ကြားတဲ့က တက်ကြွနေကြတာပါ။ ကားတွေစီစဉ်။ လိုအပ်ရင်ငှားဖို့။ ကလေးတွေကျောင်းမှာ ဘာတွေအဓိကလိုအပ်နေတာလည်း။ ဘယ်သူတွေဆီက အလှူခံမှာလည်း။ fund ဘယ်လောက်လိုလည်း။ တကယ်တော့ ကျနော်တို့ HR ကအဲဒီအချိန်မှာ လုံးဝ busy ဖြစ်နေတဲ့ အချိန်ပါ။ sale excuetive ကိုယဉ်ထွေးဆိုတာလည်း အနာထပိန်လက်သစ်ဆိုတော့ မအားတဲ့ကြားကနေ ကျနော်တို့နဲ့ လက်တွဲညီစေခဲ့တာပါ။ ၀န်ထမ်းတွေ အပန်းဖြေဖို့ trip ဆိုတာကလည်း ပလုံးတုံးတုံးကိုပဲ အားလုံးသဘောကျရွေးချယ်လိုက်ကြတယ်။ beach ကကျယ်တယ်။ game တွေကစားလို့ အဆင်ပြေမယ်။ လွတ်လပ်ပေါ့ပါးစွားနဲ့ ပျံသန်းကြမယ်။ လန်းမယ်ပေါ့ဗျာ။ စပီိဆိုကတည်းက ကလေးတွေအတွက်နဲ့ ၀န်ထမ်းတွေအတွက် ဦးစားပေးစီစဉ်ခဲ့တာပါ။ အခုဒီလိုအစီအစဉ်မှာ စိတ်ဓာတ်တက် ကြွစွာလိုက်ပါကြတဲ့ ၀န်ထမ်းတွေကို ကျနော်တို့က အထူးကျေးဇူးတင်ပါတယ်။ ပျော်ဖို့ရွှင်ဖို့ဆိုတာထက် တခြားသောဝန်ထမ်းများနဲ့ ပူးပေါင်းရန်ဆန္ဒရှိမှု၊ အားနည်းသူတို့အားကူညီလိုမှု စတဲ့ စိတ်ဓာတ်တွေဟာ ကျနော်အခု ပိုစ့်တခုနဲ့မှတ်တမ်းတင် ဂုဏ်ပြုလောက်အောင်ကို ထိုက်တန်ပါတယ်။ တကယ်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းကို ကျနော်တို့ဘလော့စာမျက်နှာကပဲ ပြောကြားလိုပါတယ်။ HR ရုံးခန်းရှေ့ကနေ ကျေးဇူးတင်ကြောင်း စာကပ်ရင်မလိုသူတွေက မလိုစကားဆိုလာမှာကြောင့်ပါ။



နောက်ထပ်တော့ ကျနော် trip အကြောင်းကို ပုံပြောသလိုပြောပြမှာပါ။ သွားဖို့ရက်ကို ဇန်န၀ါရီလ ၂၇ ရက်နေ့ ကြာသပတေးနေ့ကို သတ်မှတ်လိုက်ပါတယ်။ မသွားခင် game တွေစီစဉ်ဖို့ ကျနော်တာဝန်ပေးခံရပါတယ်။ ကျနော်လည်း ကစားဖူးသမျှတွေထဲက အကောင်းဆုံးဖြစ်အောင်ကို စီစဉ်ထားတာပါ။ ကျနော်စီစဉ်သမျှတော့ ကျနော်ဘာသာ သဘောတွေကျနေတာပါပဲ။ တကယ့်နေ့မှာ ကစားကြတော့လည်း game တွေကြောင့် အားလုံးပျော်ခဲ့လို့ ကျနော်ပီတိဖြစ်ရပါတယ်။ ကလေးတွေကို ထမင်းတနပ်လောက် ကျွေးမယ်လို့ ကျနော်တို့စဉ်းစားထားပေမယ့် ငွေရေးကြေးရေးအခြေအနေက ကျနော့်  တို့ စိတ်ကူးကို အကောင်အထည်ဖော်မပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ရုံးခန်းရှေ့မှာ ချထားတဲ့ အလှူခံပုံးကနေ ဘတ် 1000 လောက်ရလိုက်တာမို့ ရေခဲမုန့်တော့ ကျွေးနိုင်ပီလို့ကျနော်တို့ ပျော်နေကြတယ်။    ပစ္စည်းတွေကလည်းစုံ လိုအပ်သလောက်လည်း ပြည့်စုံပီမို့လို့ ကျနော်တို့ သတ်မှတ်ရက်မှာ terget ကို ချီတက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ဆရာမတွေကိုတော့ ကြိုတင်မှာခဲ့ပါတယ်။ ကျောင်းသားကလေးတွေကို ပုံမှန်အတိုင်းသာ နေထိုင်ဖို့နဲ့ မူရင်းအခြေအနေအတိုင်းသာ ကျနော်တို့မြင်ချင်ပါကြောင်းကို ကြိုတင်အသိပေးခဲ့ပါတယ်။ ကျနော်တို့အဖွဲ့က ၀န်ထမ်း ၅၀ ကျော်ခဲ့ပါတယ်။ ထိုင်း ၁၅ ယောက်ခန့်ပါဝင်ပါတယ်။            ဘုန်းကြီးကျောင်းကို ရောက်တာနဲ့ ပါလာတဲ့ပစ္စည်းတွေကို စုစည်း ကလေးတွေအတွက်ဝေခြမ်းရေး လုပ်ပါတယ်။ ကလေးတွေကလည်း ပျော်လို့။ ကျနော်တို့ ၀န်ထမ်းတွေကလည်း ပျော်လို့။ ကျနော်လည်း မအားပါဘူး ဒါပေမယ့် ပျော်လို့။  ကလေးတွေမှာ စာရေးကိရိယာတွေပိုက်ရင်း မနိုင်မနင်းနဲ့ရေခဲမုန့်စားနေတာ ကြည့်ပီး အဲဒီလိုမနိုင်မနင်းဖြစ်အောင်ပံ့ပိုးပေးနိုင်တာကိုပဲ ကျနော်ကျေနပ်ပီတိဖြစ်နေမိတာပါ။ ပီးတော့ ကျနော်တို့အဖွဲ့ ကလေးတွေနဲ့ အတူတူဓာတ်ပုံရိုက်ကြပါတယ်။ ကျန်သေးတဲ့လှူဖွယ်တွေကိုလည်း ဆရာမတွေလက်ထဲသာ အပ်လိုက်ပါတယ်။  ဆရာမတွေကလည်း ၀မ်းသာကြောင်းနဲ့ ကျေးဇူးတင်ကြောင်းတဖွဖွပြောလို့ စကားမနည်း ဖြတ်ခဲ့ရပါတယ်။  ကျနော်တို့က ကမ်းခြေကိုဆက်ဖို့ ရှိသေးတာကြောင့် အချိန်အတိုင်းတာအရ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ကမ်းခြေရွာထဲကို ၀င်ဖို့တံတားကိုဖြတ်တဲ့အခါမှာ ကားနဲ့ဖြတ်လို့ရအောင် ကြိုတင်စီစဉ်ထားပေမယ့် ၀န်ထမ်းတွေကို ကားနဲ့မလိုက်စေဖို့ တံတားပေါ်မှာ လမ်းလျှောက်စေခဲ့ပါတယ်။ ကားကတော့ တံတားကိုဖြတ်သွားပီး ရွာထိပ်ကနေစောင့်နေတာမို့ ၀န်ထမ်းတွေနည်းနည်းတော့ ပင်ပန်းသွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာဝန်ထမ်းတွေက အေးဆေးဆိုပေမယ့် ထိုင်းဝန်ထမ်းအမျိုးသမီးတွေကို တော့အားနာစရာကောင်းခဲ့ပါတယ်။ ကမ်းခြေရောက်ရောက်ချင်းနေရာချပီး အရင်ဆုံးစားသောက်ခဲ့ကြပါတယ်။ ကျနော်တို့ကတော့ game ကစားဖို့အတွက် နေရာတွေစီစဉ် နေခဲ့ရတယ်။  တကယ်ကစားတဲ့အချိန်မှာတော့ ၀န်ထမ်းအားလုံးတက်တက်ကြွကြွနဲ့ ပါဝင်ကစားခဲ့ပီး အားလုံးပျော်နေခဲ့တာမြင်ရတဲ့အတွက် ကျနော်တို့ပင်ပန်းရကြိုးနပ်ခဲ့တယ်လို့ဆိုရမှာပါပဲ။ ကစားခဲ့တဲ့ game တွေကလည်း အဆင်ပြေပါတယ်။ ၀န်ထမ်းတွေကလည်း ယှဉ်ပြိုင်လိုစိတ်နဲ့ ကစားကြတာဖြစ်တဲ့အတွက် လာရောက်လည်ပတ်နေတဲ့ အပြင်လူတွေတောင် ကျနော်တို့အဖွဲ့ ကစားနေကြတာတွေကို လာရောင်ငေးမောနေခဲ့ကြတာကို မြင်တွေ့ခဲ့ပါတယ်။ အားလုံးလည်း ပီတိပွားနိုင်အောင်လို့ ကျနော်တို့ ခရီးစဉ်ဓာတ်ပုံများကို တင်ဆက်လိုက်ပါတယ် ခင်ဗျား...........။

Thursday, July 1, 2010

ဘိုသိန်း ရဲ့ ထိပ်တန်းရွှေခရူ စားသောက်ဆိုင်

မှတ်မိတယ်မဟုတ်လား
ဘိုသိန်း လို့ခေါ်ကြတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ကိုသိန်းသိန်းအောင် က မြိတ်မှာ

ထိပ်တန်းရွှေခရူ စားသောက်ဆိုင်  ဆိုပြီးဖွင့်ထားတာ အောင်မြင်နေတယ်ဗျ
ရောက်ရင်လည်း ၀င်လည်ပြီးအားပေးနိုင်အောင်လို့ လမ်းညွှန်ပေးလိုက်ပါတယ်



Sunday, June 27, 2010

cover letter ဘယ်လိုရေးမလည်း

COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာ လေးက သင့်ကို ဘာများ ကူညီပေးနိုင်မှာလည်း ဆိုတဲ့ မေးခွန်းလေး ဖြေရတော့မယ် ဆိုရင် ပေါ့ ဗျာ။
ဘာဖြစ်လို့ မင်းကို ငါ အလုပ်ခန့်ရမှာလည်း  ဆိုတဲ့မေးခွန်းကို သိသာနေအောင် ဖြေကိုဖြေပေးရတော့မယ်လေ။
ဒီအဖြေက အလုပ်ရှင်တွေရဲ့ အာ၇ုံကို ဆွဲယူနိုင်ပြီး ခင်ဗျားဟာ အလုပ်လျှောက်ထားသူတွေ အားလုံးရဲ့ အထဲမှာ အတော်ဆုံး ဖြစ်နေပြီး လူတွေ့နှုတ်ဖြေ မေးမြန်းတာကို တုန့်ပြန်ဖြေဆိုရတဲ့ အခွင့်အရေးကို ရသင့်သူ ဖြစ်ကြောင်း သိသာစေသင့်တာပေါ့ဗျာ။  ဒီ COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာလေးက ခင်ဗျား နဲ့ အလုပ်ခန့်မယ့်သူဌေး ဒါမှမဟုတ် သူဌေးရဲ့ကိုယ်စားလှယ်တွေနဲ့ မျက်နှာစုံညီ ဆုံတွေ့ပြီး  ခင်ဗျားဟာ အခုလစ်လပ်နေတဲ့ရာထူးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း သူတို့ စိတ်ထဲမှာ ထင်မြင်နိုင်ပါစေ။

YOUR ADDRESS                 (ဒီနေရာမှာ ခင်ဗျား နာမည်မရေးပါနဲ့နော်)
TODAY'S DATE                 ဒီနေ့ ရက်စွဲ
Mr./Ms.                    အလုပ်ရှင်အမည် EMPLOYER'S NAME (မသိရင် သိအောင်ကြိုးစားပါ)
TITLE                   လျှောက်ထားလိုတဲ့ ရာထူးအမည်
COMPANY'S NAME       ကုမ္ပဏီ အမည်
ADDRESS                         ကုမ္ပဏီလိပ်စာ
DEAR Mr./Ms. EMPLOYER:
ပထမဦးဆုံး စာပိုဒ်    : ဒါဟာ ကျွန်တော်က ခင်ဗျားထံ ကို ဘာလို့ဒီစာကိုရေးနေရတာလည်း  ဆိုရင် ခင်ဗျားလျှောက်ထားပြီး ခင်ဗျားကိုထည့်သွင်းစဉ်းစားစေ လိုတဲ့အကြောင်းရေးသားဖေါ်ပြတဲ့ စာ ဖြစ်စေမယ်လေ။. ပုံမှန်အားဖြင့်တော့ စာဟာ တိုတောင်းရပါမယ်။
    ခင်ဗျား ဘာကြောင့် ဒီစာကိုရေးရတာလည်း ဆိုတာနဲ့ ဘယ်အလုပ်ရာထူးကို လိုချင်တာပါလည်း
•   ဒီရာထူးနဲ့ ပတ်သက်ပြီး အလုပ်ခန့်ထားရေးအစီအစဉ် တွေကတဆင့်သိတာလား သင့်အဆက်အသွယ်တွေကတဆင့်သိတာလား ပြောပြဖြေဆိုတဲ့အခါမှာ ဒီလိုတော့ ဘယ်တော့မှမဖြေပါနဲ့နော် အလပ်ပွဲစားတွေကတဆင့် သိရတာပါလို့လေ
•   ခင်ဗျားဘာ့ကြောင့်ဒီအလုပ်ရာထူးနဲ့ ဒီအဖွဲ့အစည်းကို  စိတ်ဝင်စားရတာလည်း ဆိုတာကို ဘယ်လောက်တောင် လေ့လာပြီးသိအောင်လုပ်ထားရတာလည်း ဆိုတာပြောပြပါ။
•   အနှစ်ချုပ် အချက်အလက်လေးတွေနဲ့ အတူ သေသေချာချာပြောပြလိုက်ပါ ဒါ မှမဟုတ်လည်း မသိတာတွေထားလိုက်တော့ အကျိုးမဖြစ်မယ့်အချက်အလက်တွေဆို ဘာမှပြောမနေနဲ့ဗျ။
ဒုတိယ စာပိုဒ် : ‘ဒီစာပိုဒ်ကတော့ ခင်ဗျားသာလျှင် အရည်အချင်းပြည့်မီတယ်ဆိုတာ ရေးပြမယ်လေ။ ခင်ဗျားလျှောက်ထားတဲ့အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အရည်အသွေးတွေ ဖေါ်ပြပေတော့။ အရေးပါမယ်ထင်တဲ့ ခင်ဗျားဖြတ်သန်း ခဲ့တဲ့ အတွေ့အကြုံတွေ ထဲက အချက် ၂ချက် ၃ချက် လောက်ကိုတော့ အစလေး ဆွဲထုတ်ပြထားပေးလိုက်နော်  ။ပြီးတော့ ဒီစာပိုဒ် က အရှည်ဆုံး စာပိုဒ်ဖြစ်သလို အလုပ်ရှင် နဲ့ လုပ်ရမယ့်အလုပ် ပေါ်မှာမူတည်ပြီး အမြဲပြောင်းလဲရေးတတ်ဖို့လိုတယ်ဗျ။
ခင်ဗျား ဒီစာပိုဒ် ကို သိပ်ရှည်နေပြီလို့ ထင်လာရင်တော့ စာပိုဒ် ကို ခွဲထုတ် ပေးဖို့ လိုလာပြီပေါ့နော် သတိထားရမှာကတော့ စာပိုဒ်တိုင်း က အကောင်းဆုံး စာသားတွေအချက် အလက်တွေနဲ့ ပြည့်စုံနေရမယ်ဗျ။ Points to ponder:
•   ပထမဦးဆုံးစာကြောင်း က မိုက်တီးရဲ့ ရိုက်ချက်ဖြစ်နေရမယ်။အဖွင့်စာကြောင်းက အားလုံးကိုဖွင့်ချဖို့ ( ခင်ဗျားအရည်အချင်းတွေပြောတာ) အဲဒီအချက်တွေက ခင်ဗျားလျှောက်တဲ့အလုပ်ရဲ့ လိုအပ်နေတဲ့ အရည်အချင်းတွေအရည်အသွေးတွေ ခင်ဗျားရေးတာတွေက အလုပ်ကလိုအပ်တဲ့ အချက်တွေနဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်စေရမှာဖြစ်သလို ခင်ဗျား အရည်အချင်းတွေအကြောင်း နိဒါန်း အနေနဲ့ အဖွင့်သဘောမျိုးပြောရမယ်လေ။
•   စာပိုဒ်ရဲ့ စာကိုယ်ပိုင်းမှာတော့ ခုနကလေးတင် က မှ ခင်ဗျားပြောခဲ့တဲ့ အကြောင်း အချက်တွေကို အထောက်အပံ့ ဖြစ်စေရမယ် ။အလုပ် ၊ အလုပ်သင်ဘ၀ ၊ သင်တန်းတွေအကြောင်း ၊ပရိုဂျက်တွေအကြောင်း အထူးအလေးပေးဖေါ်ပြပေးရမယ်။ ခင်ဗျားရဲ့ စီဗီ ခေါ်တဲ့ ကိုယ်ရေးအချက်အလက်မှာ ဖေါ်ပြထားမယ့် အချက်တွေ ကို ညွှန်းပေးနီုင်ရမယ်ဗျ။ သတိထားရမှာကတော့ ခင်ဗျားရဲ့ CV ထဲမှာရေးထားတဲ့ အတိုင်း တော့ ထပ်တူမဖြစ်စေနဲ့နော်
•   Strong examples are essential ! ခိုင်မာတဲ့ အထောက်အထားနဲ့ ခင်ဗျားရဲ့ တင်ပြချက်တွေက ပြည့်စုံနေဘို့ မရှိမဖြစ်လိုတယ်ဗျနော်။
•   နောက်ဆုံး စာကြောင်းကတော့ အပေါ်မှာခင်ဗျားပြောခဲ့ ရေးခဲ့ တာတွေ ရဲ့ အချုပ်ဖြစ်ရမယ် ။ပြီးတော့ ခင်ဗျားရဲ့ ဒီစာကို ဖတ်ြ့ပြီး ရွေးချယ်ဖို့ လုပ်နေသူတွေကို ဖတ်ရတာနဲ့ ခင်ဗျားနဲ့ ဒိအလုပ်ကို ဆက်စပ်ရည်ညွှန်းပေးနိုင်ဖို့ ပြန်ညွှန်းပေးရဦးမယ်လေဗျ။ 
နောက်ဆုံး စာပိုဒ် ။   ဒီစာပိုဒ်ကတော့ ၀ါကျ အများဆုံးမှ ၂ ကြောင်းကနေ လေးကြောင်းလောက်ဘဲရှိပါစေ။ ဒီမှာ ခင်ဗျားကစာအိပ်နဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ စီဗီ ( ကိုယ်ရေးမှတ်တမ်း )ပြီးတော့ အင်တာဗျူးဆိုတဲ့ လူတွေ့နှုတ်မေးတာကိုဖြေဆိုခွင့်လေးရဖို့ တောင်း ဆိုဖို့ ပါရမယ် သူတို့ စစ်ဆေးမေးမြန်းမယ့်သူတွေ မေးချင်ချင်တဲ့အစီအစဉ်အတိုင်း စီစဉ်ပြီးခေါ်ဆိုမေးမြန်းဗျူးတာတွေ ဖြစ်ချင် ဖြစ်စမ်းပါစေ။ ကျန်သေးတယ်ဗျ ဘာထင်လည်း ၊ ကျေးဇူးတင်စကားပြောဖို့ လေ ။ သူ့အချိန်ကိုအသုံးပြုပြီး ခင်ဗျားကို အလုပ်ခန့်ဖို့ အထိဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်ပေးနေတာကိုလေ၊၊
Sincerely, ရိုးသားစွာဖြင့် ( ဒီအတိုင်းဘဲရေးပါနော် ) ရိုးတယ်တုံးတယ်ထင်နေလည်း ။
လက်မှတ်ထိုးပေးမယ်
ခင်ဗျားရဲ့ နာမည် ရေးမယ်

Wednesday, April 21, 2010

ကိုဌေးအောင်

ကိုဌေးအောင် ကတော့ Receptionist တစ်ယောက်ပေါ့ဗျာ ခင်မင်စရာကောင်းတဲ့ အမြဲပြုံးနေတတ်သူတစ်ယောက်ပါ အခုတော့ ငွေဆောင် ကမ်းခြေက BOB ဟိုတယ်လေးမှာပါ

Wednesday, March 17, 2010

ကျွန်တော်တို့ အလှူ

မေတ္တာဝေ မျှ နွေးထွေးလှ၏ ကော့သောင်းမြို့ ၂၄ မိုင် မလိဝန်းကျေးရွာအတွင်း ရှိ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိဘမဲ့ကလေးများ စုစုပေါင်း ၁၂၅ ဦး ရှိနေပါသည်။ ယောက်ျားလေး ၉၈ ဦး ၊ မိန်းကလေး ၂၇ ဦး သည် ဆရာတော်၏မေတ္တာရင်ငွေ့ကိုခိုလှုံရင်း ပညာသင်ကြားကာနေထိုင်လျှက်ရှိပါသည်။ မိဘမဲ့နေကြရှာသော ကလေးများတွင် အသက်အငယ်ဆုံးမှာ ၂ လခွဲခန့်ပင်ရှိသေးသည် အသက်အကြီးဆုံးမှာ ၁၃ နှစ်ပတ်ဝန်းကျင်မျှသာရှိကြပါသည်။ သူတို့လေးတွေ မှာ မိဘရင်ခွင်ထဲမှာ နေရင်း ပျော်ရွှင်နေရမယ့်အချိန်မှာ ဘ၀ကံအကျိုးပေးလို့ဘဲပြောရမလား အမိအဖ မရှိတော့တဲ့ဘ၀ ဖြစ်စေ၊ အမိအဖ ရှိနေသော်လည်း တာဝန်ယူကျွေးမွေးစောင့်ရှောက်မယ့်အမိ ဒါမှမဟုတ် အဖ က မတတ်စွမ်းနိုင်တဲ့ဘ၀မို့ လို့ ဆရာတော်ရဲ့ ပြုစုစောင့်ရှောက်မှု ကိုတောင်းခံပြီးအပ်နှံထားခဲ့ခြင်းဖြစ်စေ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းများ ကြောင့် စွန့်ပစ်ထားခံရခဲ့ခြင်းဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဆရာတော်၏ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာလေးတွင် အတူတကွ နေထိုင်နေကြရင်း မမြင်ရသေးသောအနာဂတ်အားပုံဖေါ်နေကြသောကလေးငယ်များဖြစ်ပါသည် ကျွန်တော်တို့ သူဌေးကျွန်းအပန်းဖြေဟိုတယ်မှ ၀န်ထမ်းများ ၏ အလှူဒါနငွေကြေးများ၊ စာအုပ်စာရေးကိရိယာများ ။အ၀တ်အစားများ ဆေးဝါးများ စသည်ဖြင့် ၀န်ထမ်းများ၏ သဒ္ဒါဖြစ်တည်ရာ မည်သည့် အရာကိုမဆို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် သွားရောက်လှူဒါန်းပေးအပ်ကြမည် ဆိုပြီး စီစဉ် ပြီး အထွေထွေမန်နေဂျာ ကို outside activities တစ်ခုအနေနဲ့ ဆောင်ရွက်ခွင့်ပေးဖို့ ခွင့်တောင်းတော့ အိုကေတဲ့ ဒါနဲ့ စည်းရုံးလှုပ်ရှားလိုက်တာ 11 ရက်နေ့ကြတော့ မြန်မာ ၀န်ထမ်း 50 ကျော် နဲ့ ထိုင်းဝန်ထမ်း 22 ယောက် အပါအ၀င် 70ကျော် ရွှေတောင်ဦးကျောင်းကို ပျော်ပျော်ပါးပါး သွားလှူနိုင်ခဲ့ကြတာပေါ့ဗျာ ဟေ့ ဖတ်နေကြတဲ့သူတွေ သာဓုခေါ်ဖို့မမေ့နဲ့နော် မြန်မာငွေ ၁၂ သိန်းလောက် လှူနိုင်ခဲ့တာမို့ ကျွန်တော်တို့ တစ်ကယ်ဘဲ စိတ်ချမ်းသာခဲ့ကြပါတယ်

Thursday, January 7, 2010

ကို ယဉ်ထွေး


ကိုယဉ်ထွေးကတော့ ပထမဦးဆုံး Orient Group မှာ Room Boy နဲ့ ပါလာခဲ့တာပါ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အစအနောက်သန်တဲ့ ကိုယဉ်ထွေးကိုတော့ အားလုံးမှတ်မိမှာပါ ဟိုတယ်လည်း ၁၉၉၇ ခုနှစ် မှာ  သူလည်း Bellboy တစ်ယောက်အဖြစ်နဲ့ Concierge ( Front Office )ှဌာနစိတ်ကို ရောက်နေပါပြီ အခု ၂၀၁၀ ဇန်န၀ါရီလ 30 ဆိုရင် 15 နှစ်တင်းတင်းပြည့်ပြီပေါ့ဗျာ ဒီအခါတော့ ကိုယဉ်ထွေးဟာ Lobby Coordinater တစ်ယောက်အဖြစ်နဲ့ တာဝန်ယူလာတာ တစ်နှစ်ကျော်သွားပါပြီ ပြီးတော့ ကော့သောင်းမှာ ရတနာသိန်းထိုက်အောင် ထီဆိုင်လေးဖွင့်လာတာလည်း 8 နှစ်နီးပါးကြာခဲ့ပါပြီ ကိုယဉ်ထွေးက အလုပ်တစ်ဖက်နဲ့ဆိုတော့ ထီဆိုင် တာဝန်ခံကတော့ သူ့ရဲ့ချစ်ဇနီးလေး မ ယု ဘဲပေါ့ဗျာ သမီးလေးတောင် ဒီနှစ် 10 တန်း ဖြေတော့မယ်ဗျ ကဲကဲ ဓါတ်ပုံတွေကြည့်လိုက်ကြရအောင် ဗျာ