Thursday, July 1, 2010

ဘိုသိန်း ရဲ့ ထိပ်တန်းရွှေခရူ စားသောက်ဆိုင်

မှတ်မိတယ်မဟုတ်လား
ဘိုသိန်း လို့ခေါ်ကြတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ကိုသိန်းသိန်းအောင် က မြိတ်မှာ

ထိပ်တန်းရွှေခရူ စားသောက်ဆိုင်  ဆိုပြီးဖွင့်ထားတာ အောင်မြင်နေတယ်ဗျ
ရောက်ရင်လည်း ၀င်လည်ပြီးအားပေးနိုင်အောင်လို့ လမ်းညွှန်ပေးလိုက်ပါတယ်



Sunday, June 27, 2010

cover letter ဘယ်လိုရေးမလည်း

COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာ လေးက သင့်ကို ဘာများ ကူညီပေးနိုင်မှာလည်း ဆိုတဲ့ မေးခွန်းလေး ဖြေရတော့မယ် ဆိုရင် ပေါ့ ဗျာ။
ဘာဖြစ်လို့ မင်းကို ငါ အလုပ်ခန့်ရမှာလည်း  ဆိုတဲ့မေးခွန်းကို သိသာနေအောင် ဖြေကိုဖြေပေးရတော့မယ်လေ။
ဒီအဖြေက အလုပ်ရှင်တွေရဲ့ အာ၇ုံကို ဆွဲယူနိုင်ပြီး ခင်ဗျားဟာ အလုပ်လျှောက်ထားသူတွေ အားလုံးရဲ့ အထဲမှာ အတော်ဆုံး ဖြစ်နေပြီး လူတွေ့နှုတ်ဖြေ မေးမြန်းတာကို တုန့်ပြန်ဖြေဆိုရတဲ့ အခွင့်အရေးကို ရသင့်သူ ဖြစ်ကြောင်း သိသာစေသင့်တာပေါ့ဗျာ။  ဒီ COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာလေးက ခင်ဗျား နဲ့ အလုပ်ခန့်မယ့်သူဌေး ဒါမှမဟုတ် သူဌေးရဲ့ကိုယ်စားလှယ်တွေနဲ့ မျက်နှာစုံညီ ဆုံတွေ့ပြီး  ခင်ဗျားဟာ အခုလစ်လပ်နေတဲ့ရာထူးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း သူတို့ စိတ်ထဲမှာ ထင်မြင်နိုင်ပါစေ။

YOUR ADDRESS                 (ဒီနေရာမှာ ခင်ဗျား နာမည်မရေးပါနဲ့နော်)
TODAY'S DATE                 ဒီနေ့ ရက်စွဲ
Mr./Ms.                    အလုပ်ရှင်အမည် EMPLOYER'S NAME (မသိရင် သိအောင်ကြိုးစားပါ)
TITLE                   လျှောက်ထားလိုတဲ့ ရာထူးအမည်
COMPANY'S NAME       ကုမ္ပဏီ အမည်
ADDRESS                         ကုမ္ပဏီလိပ်စာ
DEAR Mr./Ms. EMPLOYER:
ပထမဦးဆုံး စာပိုဒ်    : ဒါဟာ ကျွန်တော်က ခင်ဗျားထံ ကို ဘာလို့ဒီစာကိုရေးနေရတာလည်း  ဆိုရင် ခင်ဗျားလျှောက်ထားပြီး ခင်ဗျားကိုထည့်သွင်းစဉ်းစားစေ လိုတဲ့အကြောင်းရေးသားဖေါ်ပြတဲ့ စာ ဖြစ်စေမယ်လေ။. ပုံမှန်အားဖြင့်တော့ စာဟာ တိုတောင်းရပါမယ်။
    ခင်ဗျား ဘာကြောင့် ဒီစာကိုရေးရတာလည်း ဆိုတာနဲ့ ဘယ်အလုပ်ရာထူးကို လိုချင်တာပါလည်း
•   ဒီရာထူးနဲ့ ပတ်သက်ပြီး အလုပ်ခန့်ထားရေးအစီအစဉ် တွေကတဆင့်သိတာလား သင့်အဆက်အသွယ်တွေကတဆင့်သိတာလား ပြောပြဖြေဆိုတဲ့အခါမှာ ဒီလိုတော့ ဘယ်တော့မှမဖြေပါနဲ့နော် အလပ်ပွဲစားတွေကတဆင့် သိရတာပါလို့လေ
•   ခင်ဗျားဘာ့ကြောင့်ဒီအလုပ်ရာထူးနဲ့ ဒီအဖွဲ့အစည်းကို  စိတ်ဝင်စားရတာလည်း ဆိုတာကို ဘယ်လောက်တောင် လေ့လာပြီးသိအောင်လုပ်ထားရတာလည်း ဆိုတာပြောပြပါ။
•   အနှစ်ချုပ် အချက်အလက်လေးတွေနဲ့ အတူ သေသေချာချာပြောပြလိုက်ပါ ဒါ မှမဟုတ်လည်း မသိတာတွေထားလိုက်တော့ အကျိုးမဖြစ်မယ့်အချက်အလက်တွေဆို ဘာမှပြောမနေနဲ့ဗျ။
ဒုတိယ စာပိုဒ် : ‘ဒီစာပိုဒ်ကတော့ ခင်ဗျားသာလျှင် အရည်အချင်းပြည့်မီတယ်ဆိုတာ ရေးပြမယ်လေ။ ခင်ဗျားလျှောက်ထားတဲ့အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အရည်အသွေးတွေ ဖေါ်ပြပေတော့။ အရေးပါမယ်ထင်တဲ့ ခင်ဗျားဖြတ်သန်း ခဲ့တဲ့ အတွေ့အကြုံတွေ ထဲက အချက် ၂ချက် ၃ချက် လောက်ကိုတော့ အစလေး ဆွဲထုတ်ပြထားပေးလိုက်နော်  ။ပြီးတော့ ဒီစာပိုဒ် က အရှည်ဆုံး စာပိုဒ်ဖြစ်သလို အလုပ်ရှင် နဲ့ လုပ်ရမယ့်အလုပ် ပေါ်မှာမူတည်ပြီး အမြဲပြောင်းလဲရေးတတ်ဖို့လိုတယ်ဗျ။
ခင်ဗျား ဒီစာပိုဒ် ကို သိပ်ရှည်နေပြီလို့ ထင်လာရင်တော့ စာပိုဒ် ကို ခွဲထုတ် ပေးဖို့ လိုလာပြီပေါ့နော် သတိထားရမှာကတော့ စာပိုဒ်တိုင်း က အကောင်းဆုံး စာသားတွေအချက် အလက်တွေနဲ့ ပြည့်စုံနေရမယ်ဗျ။ Points to ponder:
•   ပထမဦးဆုံးစာကြောင်း က မိုက်တီးရဲ့ ရိုက်ချက်ဖြစ်နေရမယ်။အဖွင့်စာကြောင်းက အားလုံးကိုဖွင့်ချဖို့ ( ခင်ဗျားအရည်အချင်းတွေပြောတာ) အဲဒီအချက်တွေက ခင်ဗျားလျှောက်တဲ့အလုပ်ရဲ့ လိုအပ်နေတဲ့ အရည်အချင်းတွေအရည်အသွေးတွေ ခင်ဗျားရေးတာတွေက အလုပ်ကလိုအပ်တဲ့ အချက်တွေနဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်စေရမှာဖြစ်သလို ခင်ဗျား အရည်အချင်းတွေအကြောင်း နိဒါန်း အနေနဲ့ အဖွင့်သဘောမျိုးပြောရမယ်လေ။
•   စာပိုဒ်ရဲ့ စာကိုယ်ပိုင်းမှာတော့ ခုနကလေးတင် က မှ ခင်ဗျားပြောခဲ့တဲ့ အကြောင်း အချက်တွေကို အထောက်အပံ့ ဖြစ်စေရမယ် ။အလုပ် ၊ အလုပ်သင်ဘ၀ ၊ သင်တန်းတွေအကြောင်း ၊ပရိုဂျက်တွေအကြောင်း အထူးအလေးပေးဖေါ်ပြပေးရမယ်။ ခင်ဗျားရဲ့ စီဗီ ခေါ်တဲ့ ကိုယ်ရေးအချက်အလက်မှာ ဖေါ်ပြထားမယ့် အချက်တွေ ကို ညွှန်းပေးနီုင်ရမယ်ဗျ။ သတိထားရမှာကတော့ ခင်ဗျားရဲ့ CV ထဲမှာရေးထားတဲ့ အတိုင်း တော့ ထပ်တူမဖြစ်စေနဲ့နော်
•   Strong examples are essential ! ခိုင်မာတဲ့ အထောက်အထားနဲ့ ခင်ဗျားရဲ့ တင်ပြချက်တွေက ပြည့်စုံနေဘို့ မရှိမဖြစ်လိုတယ်ဗျနော်။
•   နောက်ဆုံး စာကြောင်းကတော့ အပေါ်မှာခင်ဗျားပြောခဲ့ ရေးခဲ့ တာတွေ ရဲ့ အချုပ်ဖြစ်ရမယ် ။ပြီးတော့ ခင်ဗျားရဲ့ ဒီစာကို ဖတ်ြ့ပြီး ရွေးချယ်ဖို့ လုပ်နေသူတွေကို ဖတ်ရတာနဲ့ ခင်ဗျားနဲ့ ဒိအလုပ်ကို ဆက်စပ်ရည်ညွှန်းပေးနိုင်ဖို့ ပြန်ညွှန်းပေးရဦးမယ်လေဗျ။ 
နောက်ဆုံး စာပိုဒ် ။   ဒီစာပိုဒ်ကတော့ ၀ါကျ အများဆုံးမှ ၂ ကြောင်းကနေ လေးကြောင်းလောက်ဘဲရှိပါစေ။ ဒီမှာ ခင်ဗျားကစာအိပ်နဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ စီဗီ ( ကိုယ်ရေးမှတ်တမ်း )ပြီးတော့ အင်တာဗျူးဆိုတဲ့ လူတွေ့နှုတ်မေးတာကိုဖြေဆိုခွင့်လေးရဖို့ တောင်း ဆိုဖို့ ပါရမယ် သူတို့ စစ်ဆေးမေးမြန်းမယ့်သူတွေ မေးချင်ချင်တဲ့အစီအစဉ်အတိုင်း စီစဉ်ပြီးခေါ်ဆိုမေးမြန်းဗျူးတာတွေ ဖြစ်ချင် ဖြစ်စမ်းပါစေ။ ကျန်သေးတယ်ဗျ ဘာထင်လည်း ၊ ကျေးဇူးတင်စကားပြောဖို့ လေ ။ သူ့အချိန်ကိုအသုံးပြုပြီး ခင်ဗျားကို အလုပ်ခန့်ဖို့ အထိဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်ပေးနေတာကိုလေ၊၊
Sincerely, ရိုးသားစွာဖြင့် ( ဒီအတိုင်းဘဲရေးပါနော် ) ရိုးတယ်တုံးတယ်ထင်နေလည်း ။
လက်မှတ်ထိုးပေးမယ်
ခင်ဗျားရဲ့ နာမည် ရေးမယ်

Wednesday, April 21, 2010

ကိုဌေးအောင်

ကိုဌေးအောင် ကတော့ Receptionist တစ်ယောက်ပေါ့ဗျာ ခင်မင်စရာကောင်းတဲ့ အမြဲပြုံးနေတတ်သူတစ်ယောက်ပါ အခုတော့ ငွေဆောင် ကမ်းခြေက BOB ဟိုတယ်လေးမှာပါ

Wednesday, March 17, 2010

ကျွန်တော်တို့ အလှူ

မေတ္တာဝေ မျှ နွေးထွေးလှ၏ ကော့သောင်းမြို့ ၂၄ မိုင် မလိဝန်းကျေးရွာအတွင်း ရှိ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိဘမဲ့ကလေးများ စုစုပေါင်း ၁၂၅ ဦး ရှိနေပါသည်။ ယောက်ျားလေး ၉၈ ဦး ၊ မိန်းကလေး ၂၇ ဦး သည် ဆရာတော်၏မေတ္တာရင်ငွေ့ကိုခိုလှုံရင်း ပညာသင်ကြားကာနေထိုင်လျှက်ရှိပါသည်။ မိဘမဲ့နေကြရှာသော ကလေးများတွင် အသက်အငယ်ဆုံးမှာ ၂ လခွဲခန့်ပင်ရှိသေးသည် အသက်အကြီးဆုံးမှာ ၁၃ နှစ်ပတ်ဝန်းကျင်မျှသာရှိကြပါသည်။ သူတို့လေးတွေ မှာ မိဘရင်ခွင်ထဲမှာ နေရင်း ပျော်ရွှင်နေရမယ့်အချိန်မှာ ဘ၀ကံအကျိုးပေးလို့ဘဲပြောရမလား အမိအဖ မရှိတော့တဲ့ဘ၀ ဖြစ်စေ၊ အမိအဖ ရှိနေသော်လည်း တာဝန်ယူကျွေးမွေးစောင့်ရှောက်မယ့်အမိ ဒါမှမဟုတ် အဖ က မတတ်စွမ်းနိုင်တဲ့ဘ၀မို့ လို့ ဆရာတော်ရဲ့ ပြုစုစောင့်ရှောက်မှု ကိုတောင်းခံပြီးအပ်နှံထားခဲ့ခြင်းဖြစ်စေ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းများ ကြောင့် စွန့်ပစ်ထားခံရခဲ့ခြင်းဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဆရာတော်၏ ရွှေတောင်ဦး ပရဟိတ မိဘမဲ့ကလေးများဂေဟာလေးတွင် အတူတကွ နေထိုင်နေကြရင်း မမြင်ရသေးသောအနာဂတ်အားပုံဖေါ်နေကြသောကလေးငယ်များဖြစ်ပါသည် ကျွန်တော်တို့ သူဌေးကျွန်းအပန်းဖြေဟိုတယ်မှ ၀န်ထမ်းများ ၏ အလှူဒါနငွေကြေးများ၊ စာအုပ်စာရေးကိရိယာများ ။အ၀တ်အစားများ ဆေးဝါးများ စသည်ဖြင့် ၀န်ထမ်းများ၏ သဒ္ဒါဖြစ်တည်ရာ မည်သည့် အရာကိုမဆို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် သွားရောက်လှူဒါန်းပေးအပ်ကြမည် ဆိုပြီး စီစဉ် ပြီး အထွေထွေမန်နေဂျာ ကို outside activities တစ်ခုအနေနဲ့ ဆောင်ရွက်ခွင့်ပေးဖို့ ခွင့်တောင်းတော့ အိုကေတဲ့ ဒါနဲ့ စည်းရုံးလှုပ်ရှားလိုက်တာ 11 ရက်နေ့ကြတော့ မြန်မာ ၀န်ထမ်း 50 ကျော် နဲ့ ထိုင်းဝန်ထမ်း 22 ယောက် အပါအ၀င် 70ကျော် ရွှေတောင်ဦးကျောင်းကို ပျော်ပျော်ပါးပါး သွားလှူနိုင်ခဲ့ကြတာပေါ့ဗျာ ဟေ့ ဖတ်နေကြတဲ့သူတွေ သာဓုခေါ်ဖို့မမေ့နဲ့နော် မြန်မာငွေ ၁၂ သိန်းလောက် လှူနိုင်ခဲ့တာမို့ ကျွန်တော်တို့ တစ်ကယ်ဘဲ စိတ်ချမ်းသာခဲ့ကြပါတယ်

Thursday, January 7, 2010

ကို ယဉ်ထွေး


ကိုယဉ်ထွေးကတော့ ပထမဦးဆုံး Orient Group မှာ Room Boy နဲ့ ပါလာခဲ့တာပါ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အစအနောက်သန်တဲ့ ကိုယဉ်ထွေးကိုတော့ အားလုံးမှတ်မိမှာပါ ဟိုတယ်လည်း ၁၉၉၇ ခုနှစ် မှာ  သူလည်း Bellboy တစ်ယောက်အဖြစ်နဲ့ Concierge ( Front Office )ှဌာနစိတ်ကို ရောက်နေပါပြီ အခု ၂၀၁၀ ဇန်န၀ါရီလ 30 ဆိုရင် 15 နှစ်တင်းတင်းပြည့်ပြီပေါ့ဗျာ ဒီအခါတော့ ကိုယဉ်ထွေးဟာ Lobby Coordinater တစ်ယောက်အဖြစ်နဲ့ တာဝန်ယူလာတာ တစ်နှစ်ကျော်သွားပါပြီ ပြီးတော့ ကော့သောင်းမှာ ရတနာသိန်းထိုက်အောင် ထီဆိုင်လေးဖွင့်လာတာလည်း 8 နှစ်နီးပါးကြာခဲ့ပါပြီ ကိုယဉ်ထွေးက အလုပ်တစ်ဖက်နဲ့ဆိုတော့ ထီဆိုင် တာဝန်ခံကတော့ သူ့ရဲ့ချစ်ဇနီးလေး မ ယု ဘဲပေါ့ဗျာ သမီးလေးတောင် ဒီနှစ် 10 တန်း ဖြေတော့မယ်ဗျ ကဲကဲ ဓါတ်ပုံတွေကြည့်လိုက်ကြရအောင် ဗျာ



ကို ၀င်းကျော်ဇော အာဖဂန်နစ္စတန်ကနေရေးတဲ့စာ


Eugene Win

 to me
show details 12:19 PM (1 hour ago)

Thanks. There are some opportunities in Afghanistan to work in some military camps all over the country. Please pass message to anyone who has passport in hand.

A catering company is looking for the following positions, if you know anyone interested let them send their CV.  It is urgent.


They are looking for the following:

Catering Managers 5  (Contract Catering, 5 Star Hotel or Military base).
Chefs 8,
Asst Chefs 14,
Hvac Mechanic 16,
Plumbers 16,
Generator mechanic 16,
Housekeping supvisor 16
Laundry supervisor 16

Please forward cv to smbrogan@gmail.com and michaelscott5@mac.com

Rgds,

ew

Sunday, January 3, 2010

ဆရာအလုပ်ထွက်ပြီဗျို့

အန်ဒမန်စဖွင့်ချိန်ကာလ ၁၉၉၅ ခုနှစ်ကတည်းက Andaman Pearl ( chinese Restaurant  ) မှာ Outlet Manager အဖြစ်နှစ်ရည် လများ 14 နှစ် ကျော်ကျော် လုပ်ခဲ့တဲ့  Khun Chayant Dithachote တစ်ယောက်

သူချစ်တဲ့ အန်ဒမန်ကလပ် ဟိုတယ်ကို နှုတ်ဆက်ထွက်ခွာသွားပါပြီ ဒီနေ့ သူကို Sea Food Terrace မှာ နှုတ်ဆက်ပွဲလေးလုပ်ပေးခဲ့ပါတယ်